18 September 2013
Allowed on timeline
၂၀၁၅ မှာဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ သမ္မတဖြစ်ခဲ့မယ် ဆိုရင် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ထပ်တွေ့ ရပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ ယုံကြည်မှု ၊ဒီမိုကရက်တစ် အင်အားစုတွေရဲ့
ယုံကြည်မှု ၊NLD ပါတီအတွင်းယုံကြည်မှု၊ လူများစုဗုဒ္ဒဘာသာဝင်တွေ ရဲ့ ယုံကြည်မှု လုံးဝနီးပါးပျက်စီးသွားခဲ့ပါပြီ။လက်ရှိနိုင်ငံရေးအခြေအနေအရ ဒေါ်စု ရဲ့ အခန်းကဏ္ဍဟာအရမ်းကို အပေါ်ယံဆန်နေတယ်ဗျာ။ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တောက်လျှောက်မှာ
ဒေါ်စုပါဝင်ခဲ့ခြင်းလုံးဝမရှိဘူး။ဒီမိုကရက်တစ်အင်အားစုတွေ နှင့်ဒေါ်စုရဲ့အကွဲအပြဲဟာလည်းမြင်လို့ မကောင်းဘူးဗျ၊
NLD ပါတီအတွင်းမှာရှိနေတဲ့ပြသာနာဖိအားကလည်းပေါက်ကွဲလုနီးနီးပါပဲ ။မြန်မာနိုင်ငံ မှာကုလားတွေ နဲ့ ဖြစ်တဲ့ပြသာနာမှာလည်း ချဉ်းကပ်ဖြေရှင်းပုံ ဟာတော်တော်ကြီးကို မှားယွင်းခဲ့တယ်။ ဒါတွေဟာ၂၀၁၅မှာ ဒေါ်စုသမ္မတဖြစ်ခဲ့ရင် ဒေါင့်ပေါင်းစုံက (တိုင်းရင်းသားလက်နက်ကိုင်၊ဒီမိုကရက်တစ်အင်အင်းစု၊ ဗမာလူများစု)တို့ ရဲ့တပြိုင်တည်းနီးပါး ဆန့် ကျင်ပုန်ကန်တာကိုခံရလိမ့်မယ် ။ သူ မ ဘယ်လိုဖြေရှင်းမယ်ထင်လဲ ။။ အစိုးရအာဏာပိုင် တစ်ခုရဲ့ ပုံမှန် ဖြေရှင်း တဲ့အတိုင်း တည်ငြိမ်ရေးကို ပဲဦးစားပေးသွားမှာပါ ဘဲ
။။။။။။ အဲဒိတော့စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းကို တုံးတိကြီး ရပ်ချပလိုက်ပြီပေါ့ဗျာ ။ကျွန်တော်တို့ အာဏာသိမ်းတာကိုထပ်မြင်ရဦးမှာပါ။ ဒါပေမဲ့ ၂၀၁၅ ဒေါ်စုသမ္မတဖြစ်ဖို့ ကလဲ မသေချာပါဘူးတော်တော်ကြီးကို ရုန်းကန်ရဦးမှာပါ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။September 18:2013
—

No comments:
Post a Comment