Sunday, January 5, 2014

ဟုတ်ပ မှန်ပ


၅၉ ကို ဖြုတ်ချခြင်းရဲ့  နောက်ကွယ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ၊ ဒီအချက်က ဖေါ်ပြနေပါတယ်ဗျာ။

သတိရှိကြပေါ့။

ဒါက အစပဲ ရှိသေးတာနော်..။

နိုင်ငံရေးဆိုတာ ကိုယ့် တစ်ဦးတည်းရဲ့  ခံစားချက်နဲ့သွားရင် မမှန်နိုင်ဘူး။ ဒီနေ့ 7 Day News သတင်းစာမှာ ၅၉ နဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲသတင်းပါတယ်။ အဲ့ဒီမှာ တစ်ယောက်က ဘာပြောသွားလဲဆိုရင် သမတက စစ်ရေးအမြင်ရှိရမယ် ဆိုတဲ့အချက်က သမတ က စစ်တပ်က လူပဲဖြစ်ရမယ်လို့ သဘောရတယ်ပေါ့။ အဲ့ဒါကြောင့် လက်မခံဘူးပေါ့။ တော်တော် အတွေးတိမ်တဲ့သူဗျာ။

နိုင်ငံ တစ်နိုင်ငံကို ဦးဆောင်မယ့် သူတစ်ဦးက စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး၊ စတဲ့ အမြင်က ရှိကို ရှိရမှာပေါ့ဗျာ။ စစ်ရေးအမြင်ဆိုတာ စစ်သားမှ ရှိရမှာမှ မဟုတ်တာ။

ဥပမာ သမတ လုပ်မယ့်သူက ပထ၀ီ နိုင်ငံရေးကို ငါက ပထ၀ီနဲ့ ကျောင်းပြီးတာမဟုတ်လို့ သိစရာမလိုဘူးဆိုပြီး လုပ်နေလို့မရဘူး။ သိအောင်ကို လုပ်ရမယ်။ လေ့လာရပါမယ်။ အဲ့ဒါတွေကို ပြည့်စုံအောင်မလေ့လာနိုင်ပဲ သမတ ရူး ရူးနေရင်တော့ ရင်လေးစရာပါ။

နောက်တစ်ယောက်က ဘာပြောသွားသလဲ ဆိုရင် ဒေါ်စု သမတ ဖြစ်ရင် ၂ နှစ်လောက်အတွင်း တိုင်းပြည်က အရမ်းတိုးတက်မယ်ဆိုပဲ။ ရူးပါပေ့ဗျာ။ ဒေါ်စုကိုများ ဖန်ဆင်းရှင် ထင်နေလားမသိပါဘူး။ တစ်ခုတော့ရှိတယ်။

ဒေါ်စုက သူသမတ ဖြစ်မှ ရင်းနှီးမြှတ်နှံမှုတွေ ၀င်ဖို့ တောင်းဆိုနေတယ်။ ဒါက သူ့ရဲ့  ၀ှက်ဖဲပဲလေ။ အခု တိုင်းပြည်မွဲရတာကလဲ စီးပွားရေး ပိတ်ဆို့လို့လေ။ဘယ်သူက တောင်းဆိုလို့ စီးပွားရေး ပိတ်ဆို့တာလဲ။ အခု ဒီမိုကရေစီကို သွားတဲ့ အစိုးရဖြစ်နေပြီလေ။ သူကိုယ်တိုင်တောင် လွှတ်တော်ထဲ ရောက်နေပြီ။ သူက ဘာလို့ဆက်ပိတ်ဆို့စေချင်တာလဲ။ သူ သမတ ဖြစ်မှ စီးပွားရေး ပိတ်ဆို့တာကို ဖွင့်။ တိုင်းပြည်စီးပွားရေး ပြေလည်။ ဒါငါလုပ်တာဆိုပြီး နာမည်ကောင်းယူချင်တာလား။

ဒါပဲ သူက လုပ်တတ်တာလား။ စဉ်းစားကြည့်ကြပါ။ ဒီလိုမျိုး အလုပ်မျိုးကို တိုင်းပြည်ပေါ် တကယ် စေတနာရှိတဲ့သူတွေက လုပ်သင့်သလား။ တို့မြန်မာတွေ မျက်စေ့ဖွင့်၊ နားဖွင့်ပြီး ဦးနှောဏ်ကို အလုပ်ပေးသင့်ပါပြီ။

credit to Ye Htun Oo

No comments:

Post a Comment