ကို သီရိ
3 minutes ago via Mobile
ဓမ္မာရုံဒုဥက္ကဌ အား ရန်ငြိုးမရှိပဲ ခဲဖြင့်ဝိုင်းထု
မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်
ဝါပဆွမ်းလောင်းအသင်း မဇ်ဈေလမ်းဓမ္မာရုံ ဒု-ဥက္ကဌ၊ အရက်မသောက် မူးယစ်ဆေးမသုံးစွဲသူ ဆန်ကိုထွန်း (ခေါ်) ဦးတင်ထွန်း သည် 7.1.2014 ရက်နေ့ ညနေ၄နာရီအချိန် လမ်းထိပ်ဆေးဆိုင်သို့ အနာကပ်ရန် ပလာစတာ ဝယ်ယူရန်အသွားတွင် တစ်ဖက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ယောက်ျားသုံးဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်နှင့် တိုက်မိလုဖြစ်သွားခဲ့ရာ ကိုတင်ထွန်းမှ ဖြည်းဖြည်းမောင်းရန် ပြောဆိုခဲ့သည်။
ထိုသုံးဦးမှ ဆိုင်ကယ်ကိုမောင်း၍ ဆက်လက်ထွက်ခွာသွားခဲ့ပြီး ကိုတင်ထွန်းလည်းပြန်လာကာ အဖော်များနှင့် ခြင်းလုံးခတ်နေစဉ် အဆိုပါ ၃ဦးရောက်လာပြီး မင်းကမကျေနပ်ဘူးလား ဟုပြောဆိုရာ နဂိုကပင်အေးချမ်းစွာ နေထိုင်တတ်သော ကိုတင်ထွန်းက ထိုအမူးသမား သုံးဦးအား တောင်းပန်လွှတ်ခဲ့ပြီး ခြင်းလုံးဆက်ခတ်နေခဲ့သည်။
သို့သော် မကြာမီပင် ကုလားလေး(ခေါ်) ဇော်ကြီး ဦးဆောင်သည့် လူရမ်းကား ၅ဦးမှ အုတ်ခဲများကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကိုတင်ထွန်းအား ဝိုင်းထုကြသည်။ ကိုတင်ထွန်းမှ လက်ဖြင့်ကာရင်း နောက်ဆုတ်သွားရာ ဓာတ်တိုင်တစ်တိုင်ခန့်အကွာ သို့အရောက်တွင် အဆက်မပြတ် ထုနှက်သော အုတ်ခဲဒဏ်ကိုမခံနိုင်တော့ပဲ မြေပေါ်လဲကျသွားခဲ့ရာ လဲကျနေသော ကိုတင်ထွန်းအား မလှုပ်နိုင်တော့သည့် အခြေအနေရောက်အောင် ခဲဖြင့်ထပ်မံထုခဲ့ကြသည်။
အနားရှိလူများရောက်လာချိန်တွင် လူရမ်းကားများ ထွက်ပြေးသွားခဲ့ကြပြီး ကိုတင်ထွန်းအား ရပ်ကွက်ရုံးသို့ ပို့ဆောင်သော်လည်း သတိမရသဖြင့် ရုံးမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသခဲ့သည်။
ကိုတင်ထွန်းအား ရန်ငြိုးမရှိပဲ ဝိုင်းဝန်းရိုက်နှက်ခဲ့သော လူရမ်းကား ကုလား နှင့် အပေါင်းအပါတစ်စုမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး ကိုတင်ထွန်းမှာမူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော ကုသဆောင်တွင် ဒဏ်ရာများ(ပေါင်း ၂၂ချက်ချုပ်ရ) ကုသခံယူလျှက်ရှိသည်။
ဒဏ်ရာများဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော ကိုတင်ထွန်းမှာ ဝါပဆွမ်းလောင်းအသင်း၏ ဦးဆောင်ပုဂ္ဂိုလ်နှင့် ပင်တိုင်ဆွမ်းချက်သူ တစ်ဦးဖြစ်ရာ ယခုအခါတွင် ဝါပဆွမ်းလောင်းအသင်းအား ဆွမ်းလောင်း ရပ်နားလိုက်ရပြီဖြစ်ကြောင်း (ခ)ရပ်ကွက် ဓမ္မာရုံဥက္ကဌက ပြောကြားသည်။
ဆန်ကိုထွန်းခေါ် ဦးတင်ထွန်း၏ဖုံး 09421108293
ဒုရဲအုပ် ချစ်ကိုကို (အမှုစစ်) 0943141221
—
— with ကို သီရိ. 3 minutes ago via Mobile

No comments:
Post a Comment