Tuesday, January 7, 2014

ရထားပေါ်မှာ အသက် 24 အရွယ်ရှိပြီဖြစ်တဲ့ လူငယ်လေး တစ်ယောက် ဟာ ရထားပြတင်းပေါက်ကနေပြီး

သူ့အဖေကို အံ့သြစွာနဲ့ အော်ပြောတယ် " အဖေ အဖေ ကြည့်အုံး ကြည့်အုံး သစ်ပင်တွေ နောက်ဆုတ်ကုန်ကြပြီ
နောက်ဆုန်ကုန်ကြပြီ ""

အဖေက သူ့သားကို ပြုံးပြပါတယ်။ သူ့အဖေ ထိုင်ခုံဘေးမှာ စုံတွဲနှစ်ယောက် ကထိုင်နေပါတယ်။

ခဏ ရုတ်တရုက် လူငယ်ကထအော်ပြန်တယ် အဖေကြည့်အုံး မိုးတိမ်တွေ ကျနော်တို့နောက် လိုက်လာနေတယ် ဆိုပြီး ပျော်ရွှင်တဲ့ ပုံစံမျိုးနဲ့ အော်နေ လေ၏။

ဘေးမှာ ထိုင်နေတဲ့ စုံတွဲကလည်း ကလေးအဖေကို ကြည့်ပြီး လူငယ်လေး ကို ဆရာဝန်ဆီ ခေါ်သွားသင့်တယ်နော် ဆိုပြီး ပြောလေ၏။

အဖေလုပ်သူကလည်း ပြုံးပြီး ခုနကမှ ကျနော်တို့ ဆေးရုံက ပြန်လာတာပါ၊ ကျနော်သားက မွေးကတည်းက မျက်လုံးမမြင်ရဘူးလေ၊ ဒီနေ့မှ သူ့ မျက်လုံးအလင်းရတဲ့နေပေါ့ဗျာ ဆိုပြီး ပြန်ဖြေလေ၏။

လူတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းမျိုးစုံရှိပါတယ်။ ကိုယ့်မျက်လုံး ရှေ့မှာ
ဖြစ်ပျက်တဲ့အရာတွေကို ချက်ချင်းလက်ငင်း ကိုယ်ထင်သလို အဖြေထုတ် ရင်ဖြင့် ကိုယ်ထင်သလို မှန်ဖို့က ၁၀% တောင် မသေချာပါဘူး။ အရာရာကို လုံးစေ့ပတ်စေ့ သိမှသာလျှင် ကောက်ချက်ချကောင်း၏။

~MM~
သုတစွယ်စုံကျ

No comments:

Post a Comment