မင်းကြီး ဒွတ္တဘောင် shared Ko Rarzar's status.
”မိဘနှစ်ပါး နိုင်ငံသားဖြစ်ရင် လုံလောက်ပါပြီဆိုတဲ့ အတွေးတွေက ဘင်္ဂလားပင်လယ်အော်ကို မကျော်နိုင်တဲ့အတွေးလို့ စကားနာနာနဲ့ပဲ ပြောပါ ရစေ။ ကျွန်တော့်မိဘနှစ်ပါးက မြန်မာနိုင်ငံသားဖြစ်ပေမယ့် ကျွန်တော်က အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီး နိုင်ငံသားခံယူချိန်မှာ အမေရိကန်နိုင်ငံ အမျိုးသား အကျိုးစီးပွားကို အသက်စွန့်ကာကွယ်ပါ့မယ်လို့ ကျမ်းကျိန်မှ အမေရိကန် နိုင်ငံသားခံယူခွင့်ရတာဖြစ်တာကြောင့်၊ အဲလို တခြားနိုင်ငံတစ်ခု အမျိုးသား အကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့ ကျမ်းကျိန်ထားသူဟာ မြန်မာ့နိုင်ငံရေးထဲဝင်ပါရင် သင့်တော်ပါ့မလားဆိုတာ မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသူတိုင်း ဖြေဆိုရမယ့် မေးခွန်းဖြစ်သလို၊ အခြားနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့တာဝန်ရှိတဲ့သူတွေနဲ့ သွေးသားအရ ဆက်နွယ်နေသူဟာ မြန်မာနိုင်ငံသမ္မတ လုပ်သင့်လားဆိုတာလည်း မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို နားလည်သူတိုင်းက ဆုံးဖြတ်ရမှာဖြစ်ပါတယ်”
”၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့ အချက်အားလုံးကို ပြင်လို့ရပါတယ်။ ပြင်သင့်တဲ့ဟာတွေလည်း အများကြီးရှိသော်လည်း အချိန်အခါကြည့်ပြီး ပြင်ရမှာဖြစ်သလို၊ မပြင်ခင်မှာလည်း ကျေကျေညက်ညက် ဖတ်ရှုလေ့လာဖို့ လိုတယ်။
ပုဒ်မ- ၅၉ (စ)ကိုတော့ မပြင်သင့်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် မြန်မာနိုင်ငံကို ချစ်လို့ မပြင်သင့်ဘူးလို့ ယုံကြည်လို့ပါ။ တကယ်လို့များ ပုဒ်မ- ၅၉(စ) ကို ဖြုတ်ပစ်ခဲ့ရင် နိုင်ငံခြားသား သြဇာခံတွေ လွှတ်တော်ထဲ ရောက်လာကြ၊ လုပ်ချင်ရာလုပ်ပြီး ပြဿနာဖြစ်ရင် တခြားနိုင်ငံမှာ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆို ထားတဲ့သူတွေက ဝင်ကယ်ကြရင်းနဲ့ မြန်မာပြည်ကြီးဟာ နိုင်ငံရေး သုတေသနအပြုခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမယ်။ နိုင်ငံခြားသား မခံယူထားတောင်မှ သားနဲ့သမီးတွေက နိုင်ငံခြားသားဖြစ်တဲ့အတွက် ပြဿနာဖြစ်တိုင်း တာဝန်သိတတ်တဲ့ နိုင်ငံခြားတိုင်းပြည်တွေက မြန်မာ့အရေးကို Immediate Family အရေးဆိုပြီး ဝင်ရှုပ်တဲ့အခါ အင်အားမရှိသေးတဲ့ ကျွန်တော်တို့ တိုင်းပြည်ဘက်က ပေးဆပ်ဖို့ သက်သက်ပဲ ရှိပါတယ်။"
(ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်)
No comments:
Post a Comment