Monday, January 6, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်သလိုဖြစ်နေသော အချက်ဖြစ်တဲ့ ဥပမာ ၅၉(စ) ဆိုတဲ့

 ပုဒ်မထဲမှာ ပါဝင်နေတဲ့ တစ်ချို့ တစ်ချို့ သော အချက်တွေ ဟာ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော
၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်ဘူးဆိုတဲ့ အရာကို ကိုယ်ရှင်းပြချင်ပါတယ်..။

မှန်ပါတယ်....၁၉၄၇ ခုနှစ် ၄၉(က) မှာက လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံ အခြေအနေ နဲ့ အချိန်အခါ အရ သမ္မတ ဖြစ်မည့်သူ နဲ့  အတူ မိဘ ၂ ပါး ဟာ မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ အဲဒီ ပုဒ်မဟာ မြန်မာနိုင်ငံမှာမွေးပြီး ၊မြန်မာနိုင်ငံသားစစ်စစ်လက်ထဲမှာ သာ တိုင်းပြည် အာဏာ ကို ပေးအပ်လို တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်..။ပြီးတော့ သမ္မတ တစ်ယောက် ဟာ ပါလီမန်က အမတ် တစ်ယောက်ရဲ့ အရည်အချင်းတွေလဲ ပြည့်စုံရပါအုံးမယ်လို့  ၁၉၄၇ ဖွဲ့ စည်းပုံ ၄၉(ခ)ပုဒ်မက ဖွဲ့စည်းပုံမှာ ထပ်မံ ထိန်းချုပ်ထား ပြန်ပါတယ်..။

ပါလီမန် အမတ်တစ်ယောက်ရဲ့ အရည်အချင်းဆိုတဲ့နေရာမှာ..တိုင်းတပါး ကျေးဇူးတော် သစ္စာခံ မဟုတ်ရဘူး..၊ တိုင်းတပါး နိုင်ငံသားမဖြစ်ရဘူး ၊ တိုင်းတပါး အစိုးရ လက်အောက်ခံမဖြစ်ရဘူး ၊တိုင်းတပါးရဲ့  ကျေးဇူး ကို ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များ ခံစားနိုင်သူ မဖြစ်ရဘူးလို့ ပြောထားတယ်..။ပါလီမန်ရဲ့ အရည်အချင်းထဲမှာက အမတ်တစ်ယောက် အဆင့်မှာတောင် ဒီလို တိုင်းတပါးရဲ့  သြဇာလွှမ်းမိုးမှု့  ၊ တိုင်းတစ်ပါးရဲ့  ချုပ်ကိုင်မှု့  ၊ အချုပ်အချာကို ထိပါးနှောက်ယှက် နိုင်မည့် အခွင့်အရေးမရှိ ရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  နိုင်ငံတော်ရဲ့  အမျိုးသားလုံခြုံမှု့ ကို ဥပဒေနဲ့ အကာအကွယ်ပေးထားပါတယ်..။

ကျွန်တော်တို့ တွေ ဟာ ပုဒ်မတိုင်းရဲ့  ရည်ရွယ် ချက်နဲ့  အနှစ်သာရကို မြင်အောင်ကြည့်တတ်ဖို့ ပဲ လိုပါတယ်..။

ပြောချင်တာက၂၀၀၈ ဖွဲ့ စည်းပုံ ၅၉(စ)မှာကျတော့ အဲဒီအချက်တွေကို အားလုံးကို ကျစ်လစ်လာအောင် ၊ ပိုမို ပြည်စုံလာအောင် အရင် ၁၉၄၇ မှာ ရေးဆွဲထားခဲ့တဲ့ ဥပဒေ သက်ရောက်မှု့  အနှစ်သာရနဲ့ အဓိပါယ်ကို မပြောင်းလဲစေပဲ ပိုမိုပြည့်စုံအောင်သာ ဖြည့်စွက်ထားခြင်းဖြစ်ပါတယ်..။သေချာတာက ကိုယ်တို့ တိုင်းပြည်နဲ့  ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ရဲ့ အခြေအနေတွေက ၁၉၄၇ ခုနှစ်က နဲ့  အခု ၂၀၀၈ ၊ ၂၀၁၄ ခုနှစ် အခြေအနေနဲ့ က အတော်လေး ပြောင်းလဲ ပြီး အခြေအနေတိုင်းဟာ လုံးဝ မတူတဲ့ အတွက် ဥပဒေကို လိုအပ်တဲ့ အနှစ်သာရတွေကို ပိုမိုကျစ်လစ်လာအောင် ဖြည့်စွက်စရာတွေ ၊တင်းကျပ်စရာတွေ လုပ်သင့်သလို ၊ မလိုအပ်တာတွေကိုပယ်ဖျက်တာကို လုပ်ကြရပါမယ်..ဥပဒေတစ်ခုကို ခေတ်အဆက်ဆက် တရားသေသွားလို့ မရပါဘူး..။

၁၉၄၇ ဖွဲ့ စည်းပုံမှာက သမ္မတ တစ်ယောက်ဖြစ်ဖို့  မြန်မာနိုင်ငံသားဖြစ်မှု့ နဲ့  ပတ်သက်ပြီး ဥပဒေမှာ အဖေ ၊ အမေ ပဲ ဥပဒေရဲ့  သက်ရောက်မှု့ ရှိပါတယ်..အခု ၂၀၀၈ မှာ ထပ်ပြီးတိုးတာက သား ၊သမီး ၊ သမက် ၊ချွေးမ တွေပါ ပါလာတယ်..။အရမ်းတင်းကျပ်လွန်းတယ် ပြောနိုင်ပါတယ်..။အဲတော့..

အခု ကြံခိုင်ရေးပါတီက သားသမီးအဆင့်ထိပဲ သတ်မှတ်မယ်လို့ ပြောပါတယ်... ချွေးမတွေ ၊သားမက်တွေကို ဖြုတ်ပေးမယ်လို့  စကားကမ်းလှမ်းလာတဲ့ အချိန်မှာ ..ဆက်ပြီး စဉ်းစားဖို့ မလိုတော့ပါဘူး..။ မိမိသားနဲ့  သမီးတွေဟာ တိုင်းတပါး နိုင်ငံသားခံယူထားခဲ့ရင်တောင် ၊မြန်မာ နိုင်ငံသား ပြောင်းလဲ ခံယူခိုင်းလိုက်ရင် သမ္မတ တစ်ယောက် ဖြစ်ဖို့ အဆင်ပြေနေပါပြီ..။

ဗိုလ်ချုပ် ဥပဒေရေးဆွဲ သတ်မှတ်စဉ်အချိန်ကတောင် ဒီအရေးတွေ ကြိုမြင်ခဲ့သလို အခု လက်ရှိ အခြေအနေနဲ့  အချိန်အခါမှာလဲ ဒီ ဥပဒေဟာ သား၊သမီး အထိ ဥပဒေ သက်ရောက်မှု့ ရှိတာဟာ တကယ်တော့ တိုင်းပြည်အတွက် ပိုမို လုံခြုံပါတယ်။ဗိုလ်ချုပ် ရည်ရွယ်ပြီး ရေးခဲ့တာကလဲ တိုင်းပြည် အချုပ်အချာနဲ့  နိုင်ငံတော် အမျိုးသားလုံခြုံရေး အတွက်ပါ..။အဲတော့ ခေတ်အချိန်အခါနဲ့  အခြေအနေပေါ်မှာ မူတည်ပြီးရေးဆွဲထားတဲ့ ဥပဒေတွေဟာ အဲဒီ အချိန်အခါက သင့်လျှော်ပေသော်ငြားလည်း ၊ လက်ရှိ အိမ်နီးချင်းနိုင်ငံတွေရဲ့  လူဦးရေ အဆမတန် ပေါက်ကွဲမှု့ ရင်ဆိုင်နေရတဲ့ အိမ်နီးချင်း နိုင်ငံတွေ ၊ လူဦးရေ လဲများ နိုင်ငံ ဧရိယာလဲ ကြီးပြီး အနာဂတ်မှာ Super Power တွေ ပိုင်ဆိုင်ကြတော့မယ် တရုတ် နိုင်ငံ နဲ့  အိန္ဒိယ နိုင်ငံ ရဲ့  ကြားမှာ ကပ်လျှက်ရှိနေတဲ့ အတွက် စစ်ရေးအမြင်အရ ကျွန်တော်တို့ နိုင်ငံဟာ ပင်လယ် ရေလမ်းထွက်ပေါက် သော်လည်းကောင်း ၊ ပထ၀ီ အနေအထား အားသားချက်ကြောင့် လည်းကောင်း အချက်အခြာ ကျနေတဲ့ အတွက် မိမိ နိုင်ငံတော် အမျိုးသားလုံခြုံရေး ရှု့ ထောင့်က ကြည့်မယ် ဆိုရင် ၅၉ (စ) ရဲ့  ဥပဒေ ကန့် သတ်ချက်ဟာ လက်ရှိအခြေအနေနဲ့  သင့်တော် ဆီလျော်မှု့ ရှိပါတယ်..။ဒါဟာ ဥပဒေကန့် သတ်ချက်နဲ့  အချုပ်အခြာကို ကာကွယ်ထားတာပါ..။

လုံးဝ မပြင်ရသေးတဲ့ တစ်ချို့  ဥပဒေတွေထဲက တစ်ချို့ ပစ်ဒဏ်တွေကို တချက်လောက် ပြန်ကြည့်ရင် လက်ရှိ ခေတ်ကာလအခြေအနေ နဲ့  မကိုက်ညီတော့တာကို ဥပမာပေးချင်ပါတယ်..။ဥပမာ ..ထက်ထက်မိုးဦး ဂျာနယ်သမားလေးကို ပါးရိုက်တာ တရားစွဲခံရတယ်..ရုံးတော်က အပစ်ရှိတယ် ဆိုပြီး ဒဏ်ငွေချလိုက်ပါတယ် ပါးရိုက်တာ ငွေဒဏ် ၁၀၀၀ ပါတဲ့ ခင်ဗျာ..။ ဗိုလ်ချုပ်လက်ထက်က ခေတ်အခြေအနေ ငွေကြေး ကျစ်လစ်မှု့ ရှိစဉ် အချိန်အခါတုန်းက ဆိုရင် ဒဏ်ငွေ ၁၀၀၀ ဆိုရင် ဒီလို ပါရိုက်တဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတဲ့ အမှု့ ကို လွယ်လွယ်နဲ့ ဘယ်သူမှ မထိရဲ ၊ မလုပ်ရဲပါဘူး..။

အခုခေတ်အခြေအနေ ငွေကြေး ဖောင်းပွမှု့ နဲ့  အရင်က ဥပဒေနဲ့  ထိပ်တိုက်တွေ့ လိုက်တဲ့ အခါမှာ ပါးရိုက်တာ ဒဏ်ငွေ၁၀၀၀ နဲ့  အဆင်ပြေသွားတာကို သက်သေထင်ရှား တွေ့ နိုင်ပါတယ်..။ ဥပဒေ ရှိပေသော်ငြားလဲ ဥပဒေ ရဲ့  သက်ရောက်မှု့ က လူရီစရာ ဖြစ်နေပါတယ်..။

ဒါပေမယ့် ၅၉(စ) ကိုတော့ ဒီလို သာမာန် ပုဒ်မတွေကဲ့သို့ လစ်လျှူရှု့ ထားလို့ မရပါဘူး.ခေတ်နဲ့ အညီ အချိန်တိုင်းစောင့်ကြည့်နေရမှာပါ..ဘာလို့ လဲ ဆိုတော့ .နိုင်ငံတော်ရဲ့  အသက်တမျှ အရေးကြီးနေလို့ ပါ..။ နိုင်ငံတော် အမျိုးသား လုံခြုံရေး အတွက် အတွင်းခြံစည်းရိုး အုတ်တစ်တိုင်းကြီး တစ်ခု သဖွယ်ဖြစ်သောကြောင့်ပဲ ဖြစ်ပါတယ်..။

သို့ ပါသောကြောင့် ၁၉၄၇ လွတ်လပ်ရေး ရပြီးစ အခြေအနေနဲ့  ၂၀၁၃ မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးကာလ အခြေအနေ မတူတာ နဲ့  အညီ ၊ အနာဂတ် နိုင်ငံတော် အတွက်အမျိုးသားလုံခြုံရေးကို ရှေးရှု့ ကြခြင်းဖြင့် ကျွန်တော်တို့ တွေ အားလုံး ၅၉(စ) ကို လုံးဝ လုံးဝ မဖြေလျော့သင့်ပါဘူးလို့  ထပ်မံတင်ပြရင်း ......

အားလုံးကို ကျေးဇူးတင်ပါတယ်..။

ဘစည်(စင်ကာပူ)
5.1.2014 —
— with Si Hpyo Lin.
Like · ·

No comments:

Post a Comment