Friday, January 10, 2014

ဥပဒေနှစ်မျိုးရှိသလား သရ၀ဏ်(ပြည်)

မင်္ဂလာဒုံလေယာဉ်ကွင်းသို. တစ်ခါတစ်ခေါက်ရောက်လာခဲ.ပါလျင် လေဆိပ် ပြည်တွင်းဆိုက်ရောက် ဂိတ်ပေါက်မှထွက်လိုက်သည်နှင်. အလွန်ကြီးမားသောဆိုင်းဘုတ်ကြီးတစ်ခုကိုတွေ.ရပေလိမ်.မည် ။ ထိုဆိုင်းဘုတ်ကြီး၌ အောက်ပါအတိုင်းရေးသားထားပါသည် ။ ” (DRUG TRAFFICKING IS SERIOUS OFFENCE WHICH CAN GET DEATH PENALTY ) မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းသည် ကြီးလေးသော ရာဇ၀တ်မှုဖြစ်ပြီး သေဒဏ်အထိ အပြစ်ပေးခြင်းခံရနိုင်ပါသည် “ ထိုဆိုင်းဘုတ်ကိုမြင်သည်နှင်. နိုင်ငံခြားသားများသည် တီကောင်ကို ဆားနှင်.တို.လိုက်သလို တွန်.သွားကာ “ ငါတို.ထင်တာက မင်းတို. နိုင်ငံဟာ မူးယစ်ဆေးဝါးနှိမ်နှင်းမှုကို လုံးဝဂရုမစိုက်ပဲ ပစ်ထားတယ်မှတ်နေတာ ၊ ငါတို.ဖတ်ခဲ. မှတ်ခဲ.ရသမျှကလဲ မြန်မာဟာ ကမ္ဘာ မှာ အာဖဂန် နစ္စတန်ပြီးရင် ဘိန်းစိုက်ပျိုးထွက်ရှိမှုအများဆုံးနိုင်ငံ ဆိုသကိုး ၊ အခုလို မူးယစ်ဆေးဝါးကိစ္စကို အလေးထားနှိမ်နှင်းနေတာတွေ.တော. အံ.လဲအံ.သြတယ် ၊လေးလဲလေးစားပါတယ် “ ဟု ချီးကျူးသွားကြပါသည် ။ ထိုအခါကျွန်တော်တို.ဧည်.လမ်းညွှန်များကလည်း ကျွန်တော်တို.နိုင်ငံတွင် မူးယစ်ဆေးဝါးပြသနာရှိနေသည် ဆိုတာ မှန်ကန်ပါကြောင်း ၊သို.သော် အစိုးရက ထိုကိစ္စကိုလစ်လျူရှု မထားပါကြောင်း ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူကိုသာမက ၊ လက်ဝယ်တွေ.ရှိ သုံးစွဲရုံနှင်. ထိရောက်သောပြစ်ဒဏ်များကိုချမှတ် အပြစ်ပေးနေပါကြောင်း ။ ဘိန်းနှင်. စိတ်ကြွမူးယစ်ဆေးဝါးများထွက်ရှိမှုမှာလည်း နယ်စပ်တစ်လျှောက်တွင် ခိုကပ်နေထိုင်ကြသော သောင်းကျန်းသူများ၏လက်ချက်သာဖြစ်ပါကြောင်း နိုင်ငံခြားသားများကို အာဘောင်အာရင်းသန်သန် ဟောပြောပို.ချခဲ.ကြစမြဲဖြစ်သည် ။ ကျွန်တော်တို.စိတ်ထဲတွင်လည်း နိုင်ငံတော်သည် မူးယစ်ဆေးဝါးနှင်.ပါတ်သက်လာလျင် မည်သူ.ကိုမျှ ခွင်.မလွှတ်ပဲပြတ်ပြတ်သားသား အရေးယူဆောင်ရွက် မည်ဟု ယုံကြည်ခဲ.ကြပါသည် ။ ထိုယုံကြည်ချက်သည် ၂၀၁၃ နိုဝင်ဘာနှင်. ဒီဇင်ဘာလက ထွက်ပေါ်ခဲ.သော မိုးဇေညိမ်းဆိုသူဖော်ကောင်တစ်ဦး၏ နာမည်ကြီးအနုပညာရှင်များနှင်. ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး များ၏သားများ မူးယစ်ဆေးဝါးအရှုပ်တော်ပုံ အင်တာနက်ဖွင်.ချမှုများ ကို သိရအပြီးတွင် ပြိုကွဲခဲ.ရပါသည် ။ ထိုစဉ်မှစကာ ကျွန်တော်တို.နိုင်ငံသည် ဥပဒေတစ်မျိုးတည်းဖြင်.သွားနေသည်လား Double Standard ခေါ်ဥပဒေ စံသတ်မှတ်ချက် နှစ်မျိုးနှစ်စားဖြင်. သွားနေသလားဆိုတာ ရှုပ်ထွေးသွားသောကြောင်.ဖြစ်သည် ။ ငယ်စဉ်မှစကာ ပြီးခဲ.သော လကအထိကျွန်တော်ယုံကြည်ခဲ.သည်မှာ မူးယစ်ဆေးဝါးသုံးစွဲသည်ကို ရဲကမိလျင်ထောင်ကျမည် ။ မိမိသုံးစွဲ သည်သာမက ၊သူတစ်ပါးကိုပါ သုံးစွဲရန် ဖြန်.ချိလျင် အမှုပိုကြီးပြီး သေချာပေါက်ထောင်နန်းစံရမည်ဟုနားလည်ထားပါသည် ။ မူးယစ်ဆေးဝါးနှင်.စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) အရ ဘိန်းဖြူ (၃) ဂရမ်အောက် ၊ဆေးခြောက် (၂၅) ဂရမ်အောက် ၊စိတ်ကြွရူးသွပ်ဆေးပြား (၃) ဂရမ်အောက် ( ၃၀ ပြားအောက် )ကို လက်ဝယ်ထားခြင်း၊သယ်ယူပို.ဆောင်ခြင်း ၊တစ်ဆင်.ပေးပို.ခြင်း ၊ လွှဲပြောင်းပေးခြင်းတို.ပြုလုပ်ပါက ထောင်ဒဏ်အနည်းဆုံး (၅) နှစ်မှ အများဆုံး (၁၀) နှစ်အထိ ချမှတ်ခံရမည် ဟုပြဌာန်းထားပါသည် ။ ထို.အပြင် ပုဒ်မ ၁၉ (က) တွင် အထက်ပါအလေးချိန်နှင်.အထက်ဖြစ်ပါက ထောင်ဒဏ် အနည်းဆုံး (၁၀)နှစ်မှ အများဆုံး နှစ်အကန်.အသတ်မရှိ ချမှတ်ခြင်းခံရမည် ဟု ဥပဒေကဆိုထားပါသည် ။ ထို.ကြောင်.ကျွန်တော်.စိတ်ထဲတွင် မူးယစ်ဆေးဝါး သုံးစွဲကြောင်းသက်သေထင်ရှားပေါ်ပေါက်ပါက သေချာပေါက်ထောင်နန်းစံရမည်ဟု သတ်မှတ်ယူဆထားခြင်းဖြစ်သည် ။ ကွယ်လွန်သူ နိုင်ငံကျော်အနုပညာရှင်များဖြစ်သော အဆိုတော် စိုင်းထီးဆိုင် နှင်. သရုပ်ဆောင် ဇော်ဝမ်းတို.သည် မူးယစ်ဆေးဝါး မှူဖြင်. ထောင်နန်းစံရဖူးသောသာဓကလဲရှိခဲ.ပါသည် ။ မကြာသေးမီကလည်း နိုင်ငံကျော် ရုပ်ရှင်နှင်. ဗီဒီယိုသရုပ်ဆောင် ရဲတိုက်ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ.ရှိမှုဖြင်. ဖမ်းဆီးအရေးယူလိုက်သောအခါ ရဲတိုက်အတွက် စိတ်မကောင်းဖြစ်မိသော်လည်း “ ဥပဒေအထက်တွင် ဘယ်သူမှမရှိ “ ဟူသော ဆောင်ပုဒ်ကိုလက်တွေ.အကောင်အထည်ဖော်ခြင်းအတွက် အစိုးရကို များစွာ ကြည်ငြိုမိပါသည် ။ ထိုသို.ကြည်ငြို၍ မှမကြာမီ အင်တာနက်တွင် နိုင်ငံကျော်အနုပညာရှင်များ၏ အပုတ်နံ. က တလှိုင်လှိုင် နှင်. ဖုံးမရဖိမရအောင် ထွက်ပေါ်လာပါသည် ။ ၂၀၀၈ ခုနှစ်က အတွင်းကျိတ်ဖြစ်ခဲ.သော ပြည်သူလူထုသိခွင်.မရခဲ.သည်. နိုင်ငံကျော်အနုပညာရှင်များကိုမူးယစ်ဆေးဝါးမှုနှင်.စစ်ချက်ယူသည်. (၂၀၀၈ ခုနှစ် မူးယစ်ဗဟိုအသေးစိတ်အစီရင်ခံစာများ) တစ်ခုပြီးတစ်ခုထွက်ပေါ်လာပါတော.သည် ။ ကောလဟလ ဟုပြောရုံနှင်.မလုံလောက်တော.အောင် အတွင်းရေးသတင်းများပါလာခဲ.သည် ။မတူညီသော နာမည်ကျော်မင်းသမီးများ၏ထွက်ဆိုချက်များသည် အံ.သြစရာကောင်းအောင် တစ်ယောက်ပြောတာနှင်.နောက်တစ်ယောက်ပြောတာ ကွက်တိ ဇာတ်လမ်းကအချိတ်အဆက်မိမိ တူလာချိန်တွင် ဤကိစ္စမှာ လုပ်ကြံဇာတ်လမ်းတစ်ပုဒ်ထက် အဖြစ်မှန်အဖြစ် အားလုံးကယုံကြည်လက်ခံလာခဲ.ကြသည် ။ ဥပမာ မင်းသမီးတစ်ယောက်က သူသည်စိတ်ကြွရူးသွပ်ဆေးပြားများကို သူ၏အိမ်ဖော်မှတစ်ဆင်. အမျိုးသမီးတစ်ဦးထံတွင် ပုံမှန်သွားဝယ်စေကြောင်း ၊ ဆေးပြားများကိုစာအိပ်ထဲတွင်ထည်.၍ ပေးလေ.ရှိကြောင်း ၊ အိမ်ဖော်ကိုမူ ဒေါ်လာအရောင်းအ၀ယ်လုပ်ခိုင်းသည်ဟုသာပြောထားကြောင်း နာမည်ကျော်ရုပ်ရှင်မင်းသမီး ၏ထွက်ဆိုချက်ထဲတွင်ဖတ်ရပါသည် ။ နောက်ထပ်ထွက်ဆိုချက်တစ်ခုဖြစ်သော စိတ်ကြွမူးယစ်ဆေးဝါးရောင်းသော မိန်းမ၏ထွက်ချက်ထဲတွင် အဆိုပါမင်းသမီးသည် သူ.ထံမှ မူးယစ်ဆေ၀ါးဝယ်သည်မှာမှန်ကန်ကြောင်း။ဝယ်ယူပုံမှာ အိမ်ဖော်ကိုလွှတ်၍ ၀ယ်စေခြင်းဖြစ်ပြီး သူက စိတ်ကြွရူးသွတ်ဆေးပြားများကို စာအိပ်ထဲတွင်ထည်.၍ အိမ်ဖော်မှ တဆင်. အပေးအယူလုပ်ခဲ.ကြောင်း ဖော်ပြထားရာ လူနှစ်ယောက်၏ထွက်ဆိုချက်နှစ်ခု မှာ အလွန်တိုက်ဆိုင်စွာတူညီနေပါသည် ။ အလားတူထွက်ဆိုချက်များစွာ အခြားနာမည်ကျော် သရုပ်ဆောင်များ ထံမှ၎င်း ထပ်မံဖတ်ရှုရရာ ပါဝင်သော လူကြီးသားနာမည်များ၊သွားခဲ.သောနေရာများ ၊ မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်ခဲ.ရာနေရာများ ၊ဈေးနှုန်းများသည် တစ်ယောက်ပြောတာနှင်.နောက်တစ်ယောက်ပြောတာ ကိုက်ညီနေကြပါသည် ။ တစ်ချိန်တည်းမှာပင် ထိုအချိန်က သက်ဆိုင်ရာ မူးယစ်ဆေးဝါးတရားခံ ( ၁၀) ဦးနှင်. ပါတ်သက်ပါဝင်သူ ( ၃၃ )ဦး ၊စုစုပေါင်း (၄၃) ဦးကို စစ်ချက်ယူခဲ.သည်မှာမှန်ကန်ကြောင်းပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးကအတည်ပြုပြောကြားခဲ.ပြန်ပါသည် ။ စစ်ဆေးခံခဲ.ရသူများတွင် အများစုမှာနိုင်ငံကျော် အနုပညာရှင်များဖြစ်နေသဖြင်. တစ်နိုင်ငံလုံးဟိုးဟိုးကျော်သွားပါသည် ။ အွန်လိုင်းတွင် ထိုသတင်းများပလူပျံနေသော်လည်း စာနယ်ဇင်းကျင်.၀တ်အရ မည်သည်.ဂျာနယ် ၊ သတင်းစာကမှ ထိုသတင်းများ (အစစ်ခံချက်များ)ကို မဖော်ပြခဲ.ပါ ။ ထိုအစား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး လက်ရှိ ဥက္ကဌ နှင်.ဥက္ကဌဟောင်း၏ အင်တာနက်ဖော်ကောင် မိုးဇေညိမ်းကို ပြစ်တင်ရှုတ်ချသော သဘောဆောင်သည်. ထုတ်ပြန်ချက်များကိုသာ ၀ိုင်းဝန်းရေးသားခဲ.ကြပါသည် ။ အနုပညာနယ်ပါယ်မှထင်ရှားသူများတော်တော်များများကလည်း မူးယစ်ဆေးဝါးသုံးစွဲ ခဲ.သူများကို မည်သို.မျှ ရှုတ်ချခြင်းမပြုပဲ ဖော်ကောင်လုပ်ခဲ.သည် မိုးဇေညိမ်းကိုသာ မသမာသူတစ်ယောက်သဖွယ် ၀ိုင်းဝန်းဝေဖန်တိုက်ခိုက်ခဲ.ကြပါသည် ။ ထို.ကြောင်.မိုးဇေညိမ်းက ၂၀၁၃ ဒီဇင်ဘာ (၄) ရက်နေ.စွဲဖြင်. သူ.တွင်ဆက်လက်ဖော်ပြစရာများစွာကျန်သေးသော်လည်း အနုပညာရှင်များ၏ ဂုဏ်သိက္ခာ ထိခိုက်မှာကိုမလိုလားသဖြင်. ဆက်လက်ဖော်ပြခြင်းမပြုတော.ပါဟုစကားနည်း၇န်စဲကြေငြာလိုက်ခြင်းဖြင်. ဤဇာတ်လမ်းမှာ ဤမှာပင်နိဌိတံသွားပြီး Happy Ending ( ခေါ် ) ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်း ဟူသော ပုံပြင် နောက်ဆုံး စာပိုဒ်ကဲ.သို.ပြည်ဖုံးကားကန်.လန်.ကာချ သွားလေသည် ။ ကျွန်တော်.အတွက်မှာမူ ဟောလိဝုဒ် မှ အလွန်ကောင်းမွန်သော ထိတ်လန်.ဖွယ်ရုပ်ရှင်ဇာတ်ကား ဇာတ်သိမ်းကိုကြည်.ရသလို ရုပ်ရှင်ပြီးပါပြီဟုစာတန်းပေါ်လာမှ တွေးစရာစိတ်ကူးများစပေါ်လာရသလို အားလုံးကပြီးပါပြီဆိုမှ မေးစရာမေးခွန်းများတသီတတန်းကြီးပေါ်လာလေသည် ။ ပထမမေးချင်သည်မှာ မူးယစ်ဆေးဝါးသုံးစွဲသည်လည်းမှန်သည် ။ ရဲကခေါ်စစ်ရာတွင်လည်းအသေးစိတ်ဝန်ခံသည် ။ဘယ်သူ.ဆီက ဘယ်ဈေးဖြင်.၀ယ်ခဲ.သည်ကိုလဲ အသေးစိတ်ဖော်ပြထားသည် ။ ရဲကခေါ်စစ်ကြောင်းလဲ မငြင်းနိုင်အောင်ခိုင်မာသည် ။ ထိုအမှုမျိုးတွင်ပါဝင်ခဲ.သူသည် ဘာမှမဖြစ်သလို ဥပဒေစက်ကွင်းမှ လွတ်ကင်းကာ ခပ်တည်တည်အပြစ်ကင်းသူတစ်ယောက်လို ပြန်နေခွင်.ရှိပါသလား ။ ဒုတိယမေးခွန်းမှာ ဆေးခြောက် တစ်မတ်သားဖိုးလောက် လက်ဝယ်တွေ.ရှိသူကိုပင် တကယ်.မူးယစ်ဆေးဝါးဒိုင်ချုပ်ကြီးသဖွယ် မှုခင်း သတင်းဂျာနယ်ထဲ ၊ အစိုးရသတင်းစာထဲတွင် ဓါတ်ပုံနှင်.တကွ ပြူးတူးပြဲတဲဖော်ပြခံရသော ကျွန်တော်တို.နိုင်ငံဝယ် ဗိုလ်ချုပ်ကြီး များ ၊ အာဏာလက်ရှိပုဂ္ဂိုလ်များ၏ သားသမီးများက မူးယစ်ဆေးဝါး သုံးစွဲဖြန်.ချိနေသောအခါ ဥပဒေ၏အထက်သို.ရောက်သွားလျက် အမှုမှာ အလိုလိုပပျောက်သွားပါသလား ဟူသောမေးခွန်းဖြစ်သည် ။ တတိယမေးခွန်းမှာ မြန်မာနိုင်ငံဝယ် ဥပဒေသည် နှစ်မျိုးနှစ်စား ရှိနေသလားဟူသော မေးခွန်းဖြစ်ပါသည် ။ အဖြေကိုတော.အားလုံးကသိနေပြီးဖြစ်နေမည်ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံသည် လူကအုပ်ချုပ်သည် ထက် ဥပဒေကအုပ်ချုပ်သည် ကပို၍ တိုင်းသူပြည်သားများအတွက်လုံခြုံသဖြင်. ဤမေးခွန်းကိုအများအတွက်မေးခြင်းဖြစ်ပါသည် ။ အကယ်စင်စစ် ထိုစဉ်က မူးယစ်ဆေးဝါးသုံးစွဲသူအနုပညာရှင်များနှင်.လဲ ကျွန်တော်သည် မည်သို.မျှ ပုဂ္ဂိုလ်ရေးမုန်းတီးမှုမရှိပါ ၊ လူချင်းပင်အပြင်မှာမမြင်ဘူးပါ ။ ဗိုလ်ချုပ်ကြီးများ၏ သားသမီးများနှင်.လည်း မည်သို.မျှ အာဃာတ မရှိပါ ။ စတုတ္ထမဏ္ဍိုင်များ တစ်နိုင်ငံလုံးနှာစေးနေကြသဖြင်. မေးကြည်.ရခြင်းဖြစ်ပါသည် ။ ဤကိစ္စတွင် မိုးဇေညိမ်း၏ ရေးသားချက်များမှာ မှန်ကန်မှု မရှိပဲ တစ်ဖက်သတ်သိက္ခာချသည် ၊ ယုံကြည်၍မရဟု ကာယကံရှင်များ၊မီဒီယာသမားများနှင်. ၊ အချို.သောပုဂ္ဂိုလ်များက အကြောင်းပြကောင်းပြပါလိမ်.မည် ။ အမှန်ကိုပေါ်ဖို.အရေးသည် မီဒီယာ၏တာဝန်ဖြစ်သည် ။ ထိုစဉ်က စစ်ဆေးခဲ.သည် မှာ မှန်ကန်ခဲ.ပါက ထိုစစ်ဆေးချက် များထဲတွင်ဘာတွေပါသည် ။ ဘယ်သူ.ကိုအရေးယူသည် ။ ဘယ်သူ.ကိုအရေးမယူ ။ ဘာ.ကြောင်.အရေးမယူ ဆိုခြင်းကို အစိုးရမှရှင်းလင်ပေးရန် မီဒီယာကတောင်းဆိုရပေမည် ။ သူဌေးအိမ်၌ ဖဲဝိုင်းလုပ်သည်ကို ဆိုက်ကားသမားက တိုင်သောအခါ သက်ဆိုင်ရာအနေဖြင်.စစ်ဆေးရမည်မှာ သူဌေးအိမ်တွင် ဖဲဝိုင်းလုပ်နေသည်မှာ ဟုတ်မဟုတ် ဟူသော အကြောင်းခြင်းရာကိစ္စကိုပဲစောကြောရမည်ဖြစ်သည် ။ ထိုအစား ဆိုက္ကားသမားသည် သူဌေးကို ထိုသို.မပြောသင်.တို. ၊ သူဌေးပဲ တစ်ခါတလေတော.အပျင်းပြေကစား.မှာပေါ.တို. ၊ဆိုက္ကားသမားအဆင်.ဖြင်.ဟိုတိုင်သည်တိုင်မလုပ်သင်.တို. ကိုပြောပါက အဓိက အချက်ဖြစ်သော လောင်းကစားဝိုင်းကိစ္စ မှာ လိုရင်းမရောက်ပဲလွဲချော်သွားလိမ်.မည် ။ ဘယ်သူတိုင်သည်ဖြစ်စေ ၊ဘယ်သူဖော်သည်ဖြစ်စေ ဟုတ်သည် မဟုတ်သည်ကိုပဲ စူးစမ်း စစ်ဆေးရမည်.ကိစ္စဟု ထင်မြင်ပါသည် ။ ကျွန်တော်.အမြင်၌ ဤကိစ္စသည် ကောင်းမှန်းသိသော်လည်း ဆေးခါးကြီးကို ဘယ်သူမှ မမျို လိုပဲဖြစ်နေပုံရသည် ။ ကျွန်တော်တို.သည် ဒီမိုကရေစီ စစ်စစ် ကျင်.သုံးသော အစိုးရပေါ်ပေါက်ရေးကိုသာဝိုင်းဝန်းဖိအားပေးတောင်းဆိုနေကြပြီး ၊ ဒီမိုကရေစီ နိုင်ငံသားများဖြစ်ရေး ၊ဒီမိုကရေစီမီဒီယာဖြစ်ရေးတွင်မူကား မည်သူကမျှ ပါဝင်ဆောင်ရွက်လိုစိတ်မရှိပဲဖြစ်နေသလိုရှိပေသည် ။ ဒီမိုကရေစီ ၌ နိုင်ငံသားတိုင်းသည် Right and Duty ခေါ် ရပိုင်ခွင်.နှင်.တာဝန်သည် တစ်ဆက်တစ်စပ်တည်းရှိနေရပေမည် ။ ကျွန်တော်တို.၏တာဝန်မှာ ဥပဒေကိုချိုးဖောက်သူရှိလာပါက ထိုသို.ချိုးဖောက်ကြောင်းကို မဏ္ဍိုင် သုံးရပ်စလုံးကသိလာအောင် ဖော်ထုတ်ရေးဖြစ်သည် ။ ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် ၊ ဂီတ ၊စာပေ ၊သဘင် ၊ပန်းချီ အနုပညာသမားများသည် ဥပဒေအထက်၌ မရှိသဖြင်. ထိုသူများ ဥပဒေဖောက်ဖျက်မှုကို ဘာအတွက်မှ ကာကွယ်နေစရာမလို ။ အာဏာ ပိုင် များ၏ သားသမီးများ သည်လည်းဥပဒေအထက်တွင်မရှိသဖြင်. ဘာကြောင်.မှ နှာစေးနေစရာမလို ။ ပြောသင်.တာကိုပြောပါမှ ပြောင်းလဲသင်.တာသည်ပြောင်းလဲလာပါလိမ်.မည် ။ အင်္ဂလိပ်သခင်ကြီးများကိုတစ်သက်လုံးကြောက်ရွံ.နေပါက လွတ်လပ်ရေးဆိုသည်မှာ ဘယ်သောအခါမှ ဖြစ်လာခဲ.မည် မဟုတ် ။ မဟုတ်သည်ကိုမဟုတ်ဟုပြောရဲသူများကြောင်.သာ ကျွန်တော်တို.သည် ယနေ.အချိန်တွင် သခင်လူမျိုးအဖြစ်ရပ်တည်နေနိုင်ခဲ.ကြခြင်းဖြစ်သည် ။ ထိုသို.မှ မဟုတ်လျင် မူးယစ်ဆေးဝါး ဖောက်ကားရောင်းဝယ်မှုသည် သေဒဏ်အထိကျခံနိုင်သော ရာဇ၀တ်မှုဖြစ်သည် ဆိုသော ကြွေးကြော်သံဆိုင်းဘုတ်တွင် ( အနုပညာရှင် များနှင်. အာဏာပိုင် သားသမီးများမှအပ ) ဆိုသော စကားလုံးကိုထပ်ဖြည်.ဖို.လိုမည်ဖြစ်ပါကြောင်း သရ၀ဏ်(ပြည်) News Watch စောင်.ကြည်. ဂျာနယ် ၁၄.၁.၂၀၁၄

No comments:

Post a Comment