&&&&*&
ဆင်မင်း ဆဒ္ဒန် ရင်ခွင်းခံရ
အင်းညင်းပင်အောက်
ငါမရောက်လည်း
သူလိုဖြူစင် ဘ၀ရှင်က
အညှိုး သုဘဒ္ဒါ ရန်ပြုရှာလည်း
ရင်မှာမျှားစို့  သွေးညှီရေအိုင်
ပွက်ပွက်ဆိုင်လည်း
စွယ်တော်ချိုးပေးခွင့်လွှတ်သေးတယ
သောနုတ္ထို မုဆိုး အပြန်မိုးကို
လမ်းညွန်းပြသ စေကာသသည်
မှာတမ်းသည်ခြွေ စေခဲ့ လေက
စွယ်တော်ပန်စင် နားတော်ထင်က
အငြိုးမထား ခွင့်လွှတ်အားသည်
ကျေနပ်ပါတော့ သုဘဒ္ဒါ
ဘ၀ ဘ၀ ရှိခဲ့ လေက
သစ္စာ စကားပြုလို့ ထားသည်
ခွင့်လွှတ်အမြဲ ခွင့်လွှတ်ဆဲဖြင့်
စွယ်တော်နှစ်ဆူ ပန်စင်သည်က
သစ်စိမ်းခက်ချိုး အမုန်းမိုးကို
ရယူကျေနပ် ၀မ်းမြောက်ထပ်စေ
ဝမ်းမြောက်ထပ်စေ ၀မ်းမြောက်ထပ်စေ
းးးးး ငါလိုယောင်္ကျားပြဿဒါးမရှိးးးး
ညီမလေး သို့ီ
No comments:
Post a Comment