Thursday, January 9, 2014

ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန ဖွင့်လှစ်ရန် စီစဉ်



ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း များ ဆောင်ရွက်ရာ တွင် အဆင်ပြေ လွယ်ကူ စေရန် အစိုးရ အနေဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန တစ်ခု ကို ဖွင့်လှစ်ရန် စီစဉ် နေကြောင်း သိရ သည်။ ယင်းသို့ စီစဉ် ဆောင်ရွက် နေခြင်းအား ဇန်နဝါရီ ၇ ရက် တွင် ပြုလုပ် သည့် အာဆီယံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲ မွဲတေမှု လျှော့ချရေး ဖိုရမ်နှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့ အစည်း ဖွဲ့စည်းရန် အတွက် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့် နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်း များ ဆွေးနွေး ပွဲတွင် ပြောဆို ခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက် သူ အရပ်ဘက် အဖွဲ့ အစည်းများ မှ ပုဂ္ဂိုလ် များ က ပြောကြား သည်။ မြန်မာ ပြည်သူ့ ဖိုရမ် လုပ်ငန်း အဖွဲ့ အတွင်းရေးမှူး ရုံး တာဝန်ခံ ဦးကျော်လင်းဦး က “ကျွန်တော် တို့က အစိုးရ ကိုယ်စား ပြောခွင့် မရှိသလို ဖွင့်မယ် လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် အစိုးရ အနေနဲ့ စင်တာ တစ်ခု ထူထောင် ဖို့ ရှိတယ် ဆိုတာ သိရ ပါတယ်” ဟု ပြောသည်။

ယင်းသို့ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဌာန တစ်ခု ထူထောင်ခြင်း အားဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲ မွဲတေမှု လျှော့ချရေး အတွက် လုပ်ငန်း များ လုပ်ဆောင် ရာတွင် အထောက် အပံ့ ဖြစ်လာ နိုင်မည် ဖြစ်ကြောင်း၊ ယင်း စင်တာ တွင် အစိုးရ၊ နိုင်ငံ တကာ အလှူရှင် နိုင်ငံများ၊ ပြည်တွင်း အရပ်ဘက် အဖွဲ့ အစည်းများ ၏ ဆွေးနွေးပွဲ များ၊ အစည်း အဝေးပွဲ များ၊ သင်တန်း များ ပြုလုပ် လာနိုင်မည် ဖြစ်ကြောင်း ဦးကျော်လင်းဦး က သုံးသပ် ပြောကြား သည်။ “အရပ်ဘက် အဖွဲ့ အစည်း တွေ အနေ နဲ့ အစိုးရ နဲ့ ပူးပေါင်း လိုက်တာ မျိုး မဟုတ် ပါဘူး။ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း တွေ လုပ်ဖို့ အတွက် ဒီစင်တာ က ဆုံချက် တစ်ခု လို ဖြစ်လာ မယ့် သဘောပါ” ဟု ၄င်းက ဆက်ပြော သည်။ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရပ် ဘက် အဖွဲ့ အစည်း များ အနေ ဖြင့် လုပ်ကိုင် နေကြောင်း အစိုးရ အနေဖြင့် စီမံကိန်း များ ချမှတ် လုပ်ဆောင် နေကြောင်း ယင်းသို့ စင်တာ တစ်ခု တည်ဆောက် လိုက်ပါက ရှေ့ဆက် လုပ်ကိုင် ရမည့် လုပ်ငန်းများ အတွက် အစိုးရ နှင့် အရပ်ဘက် အဖွဲ့ အစည်း များ အနေ ဖြင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ဦးကျော်လင်းဦး က ပြောပြခဲ့ သည်။

ရန်ကုန်တိုင်း(မ်) ဂျာနယ်===

No comments:

Post a Comment