မင်းကြီး ဒွတ္တဘောင် shared ကို ဂျွန်'s photo.
----- ----- ----- ----- -----
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံသည် ကမ္ဘာ့နိုင်ငံအများစု အလံအတိုင်း ရိုးရှင်းမြင်သာစေသည်။
★ အဝါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် သုံးမျိုး ပါရှိပြီး -
၁။ အဝါရောင်မှာ ဘာသာ ၊ သာသနာ နှင့် ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း
၂။ အစိမ်းရောင်သည် စပါးဆန်ရေ ၊ သစ်တော နှင့် ကျွဲနွား အထွေထွေ ပေါများခြင်းကို လည်းကောင်း
၃။ အနီရောင်သည် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီးကိုယ်စားပြုပြီး
★ အလံ၏ အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်း ရှိသော ပြည်ထောင်စုကြီးကို ကိုယ်စားပြုသည်။
● အဝါ ၊ အစိမ်း နှင့် အနီ သုံးရောင်ခြယ်အလံမှာ ၁၉၄၂ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၄၃တွင် တစ်ကြိမ် နိုင်ငံတော်အလံအဖြစ် ရွေးခြယ်သတ်မှတ်ခြင်း ခံထားပြီးသားဖြစ်ပြီး၊ ကြယ်ဖြူမှာလည်း ၁၉၄၈ ခုနှစ်တွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင်လည်းကောင်း နိုင်ငံတော်အလံတွင် ထည့်သွင်းထားပြီးဖြစ်သည်။
● ယခင်က အရေအတွက်များမှာ ကြယ်ဖြူ (၆)လုံး နှင့် ကြယ်ဖြူ (၁၄) လုံးခွဲခြားသတ်မှတ်ထားရှိပြီး ယခုအခါတွင် ပြည်ထောင်စုကို ခွဲခြား သတ်မှတ်မဖော်ပြတော့ပဲ ပြည်ထောင်စုကြီးတစ်ခုလုံးကို ကိုယ်စားပြုသည့် ကြယ်ဖြူကြီး တစ်လုံးတည်းကိုသာ သတ်မှတ်ခဲ့သည်။
● နိုင်ငံတော်အလံ အသစ်သည် မည်သည့်နိုင်ငံနှင့် မည်သည့်အမှတ်အသားကိုမှ ဆင်တူရိုးမှား ပြုလုပ်ခြင်းမဟုတ်ပဲ ၁၉၄၂ ခုနစ်ကတည်း ရွေးချယ်ခဲ့သော နိုင်ငံတော်၏ ကိုယ်စားပြု အရောင်သုံးရောင်ကို ပြန်လည် အသုံးပြုထားခြင်းဖြစ်သည်။
● လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်က အလံတွင် ဤအရောင် သုံးရောင်ကို သုံးခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက် အမျိုးသားနေ့များတွင်လည်း ဤသုံးရောင်ခြယ်အလံကို လွှင့်ထူလျှက်ရှိသည်ကို မြန်မာပြည်သူ လူထုအားလုံး မြင်ဖူးပေလိမ့်မည်။
နိုင်ငံတော်အလံ ပေါ်တွင် တိရစ္ဆာန်ပုံများ ထည့်သွင်းခြင်းကိုတော့ လွတ်လပ်ရေးရပြီးကတည်းက ရပ်ဆိုင်းခဲ့သည်။
မည်မျှအစွမ်းအစနှင့် အစဉ်အလာရှိသည်ဖြစ်စေ တိရစ္ဆာန်မှာ လူထက်များစွာနိမ့်ကျပေရာ နိုင်ငံကိုယ်စားပြု အလံတော်တွင်လည်းကောင်း၊ လူသားအားလုံး ဦးညွတ်အလေးပြုရမည့် လူသားတို့အပေါ်တွင် လွှင့်ထူထားမည့်အလံပေါ်တွင် သော်လည်းကောင်း မရှိသင့်ပေ။
► နိုင်ငံတော်တံဆိပ် နှင့် နိုင်ငံတော်သီချင်းတို့မှာ နိုင်ငံတော်ကြီး တစ်ခုလုံးကို ကိုယ်စားပြုသည့် အမှတ်အသားများပင် ဖြစ်သည်။
► နိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံတော်တံဆိပ် အမှတ်အသားကို မြတ်နိုး တန်ဖိုးထားပြီး နိုင်ငံတော်အလံအား လေးစားသင့်ပေသည်။
► နိုင်ငံတော် ကိုယ်စားပြု သုံးရောင်ခြယ်အလံကို တလွဲ အဓိပ္ပါယ် မဖွင့်ဆိုအပ်ပေ။
► မုန်းတီးမှု အာဃာတ အခြေခံ၊ ဗဟုသုတနည်းသည့် အခြေခံ၊ ရင့်ကျတ်မှုနည်းသည့် သူများမှ မြန်မာ့ဂုဏ်ရောင် သုံးရောင်ခြယ်အလံကို မှေးမှိန်အောင် ပုတ်ခက်ပြောဆိုကြလိမ့်မည်။
► ထိုသူများသည် ကိုယ့်နိုင်ငံ ကိုယ့်အမျိုး ကိုယ်ပြန်ဖျက်တဲ့ အသားထဲက ထွက်သည့် လောက်ကောင် ဘဝသို့ ရောက်မှန်းမသိ ရောက်ကုန်ကြပေလိမ့်မည်။
No comments:
Post a Comment