Sunday, January 5, 2014

စိတ်မကောင်းဘူးမြင်ရတာ ဗျာ။


မနေ့ ည ၁၂နာရီခွဲလောက်က ကရပ်ပြင်လမ်းဆုံမီးပွိုင့်အနီးမှာ
မွေးကင်းစကလေးငယ်တစ်ဦးချက်ကြိုးတန်းလန်းနဲ့ စွန့် ပစ်ခြင်းခံရပါတယ်။

ကလေးကတော့အေးစက်နေတဲ့လမ်းမပေါ်မှာ
သေဆုံးသွားပါတယ်။

ယောင်္ကျာလေးပါ၊ ဘယ်သူလာပစ်ထားမှန်းတော့မသိကြပါဘူး။
အနီးက ကရပ်ပြင်မီးပွိုင့်မှာ CCTV တပ်ထားတာမို့ လာပစ်သွားတဲ့သူကိုရှာတွေ့ နိုင်တယ်လို့ ရပ်ကွက်အတွင်းနေသူတွေထင်ကြေးပေးနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူ့ လောကကြီးကို လာရောက်တဲ့အပြစ်မဲ့တဲ့
ကလေးငယ်ကိုတော့ဒီလိုအလုပ်သင့်ပါဘူး။

ကိုယ.်ကိုယ်တိုင်ကလေးမယူချင်ရင်အစကတည်းကရှောင်ပေါ့။
အခုတော့ အပြစ်မဲ့တဲ့ကလေးလေး သူနဲ့ ဘာမှမဆိုင်ဘဲထွက်သွားရပြီ
အမျိုးကောင်းသားသမီးတွေအနေနဲ့ လည်း ကိုယ့်ရဲ့ အမှားတစ်ခုကိုဖုံးကွယ်ဖို့ အခုလိုမလုပ်သင့်ပါဘူး။

ကိုယ်လုပ်ခဲ့တဲ့အမှားတစ်ခုကို အပြစ်မရှိတဲ့ကလေးငယ်
အပေါ်လွှဲချမယ့်အစား မဖြစ်ခင်ကိုယ်တိုင်ဆင်ချင်ကြဖို့ လိုပါတယ်။

ကိုယ်ပြုတဲ့ကံကိုယ်သာခံရမယ်ဆိုတာ မှတ်ထားကြစေလိုပါတယ်၊
ကလေးငယ်အတွက်စိတ်မကောင်းပါဘူး။


ဓါတ်ပုံ--ကိုစည်သူနိုင်

Posted From April Maung Maung

Thit Htoo Lwin blog
Like · ·

No comments:

Post a Comment