Wednesday, March 5, 2014

ငါလိုယောင်္ကျား ပြဿဒါးမရှိ sh

စစ်မြေစစ်သားလင်မယား
လင်နဲ့ မယား လျှားနဲ့ သွားလို
မတော်ကိုက်မိ အသက်မထိလည်း
စစ်သား စစ်မြေ ကျဉ်ဆံလေဝဲ
ပျံကာကျဲလို့ ထိရှပ်ပေါက်ထွက်
နားကြီးချက်က ဖါးထေးမရ
ဒုက္ခိတ
ရုပ်ရှင်ဆန်ဆန် သေနတ်မှန်က
သီဟတင်စိုး ပြန်ထထိုးလည်း
စစ်မြေကျဉ်ဆံ ထိလို့ မှန်က
ပြန်ထမရ သေဘဝ
နာကြီးမုန်းပွါး နိုင်ငံရေးသမားက
မဟုတ်ဇာတ်ကို ဟုတ်မှတ်ဆို၍
တောတောင် ကျွတ်ပေါ
ခြင်တောထဲမှာ ရေပြတ်ဆန်ကျိုး
ပဲပိုးထိုးနဲ့  အပြောကောင်းကောင်း
မကောင်းကောင်း ဒေါ်လာမရ
ခဝါခြလို့ သွေးစွန်းမြေခ
ခန္တာကျလည်း အပြုံးမပျက်
ခရီးဆက်တယ် ရှေ့ မှာရန်သူ
တုံ့ မဟူဘဲ ချီတက်ကာသွား
စစ်သားများ
အများအမြင် မသနားခြင်လည်း
ဟန်ပြစစ်သား စစ်နွားများနှင့်
စစ်ကို လုပ်စား သူတောင်းစားများနှင့်
မိုးရွာမနား နေပူမရှောင်
ဆောင်းနှင်အံ့တု
စစ်စုကို ပြည်သူနားလည်ပေးပါဗျာ


းးး ငါလိုယောင်္ကျားပြဿဒါးမရှိးးး
ဒီpost အဟောင်းက အမှတ်တရဖြစ်နေလို့ copy လုပ်ပြီးပြန်တင်လိုက်တာပါ.....

စစ်ခွေးလို့ခေါ်နေတဲ့သူတွေနား လည်နိုင်ပါစေ...

*********************************

၈၈ ဆိုတာကို ကျွန်မ မကြုံဖူးပါဘူး ....

ဒါပေမယ့် လူတွေအပြောနဲ့ စစ်သားတွေကို မုန်းခဲ့ဖူးတယ် ...

အခုတော့ ဘယ်သူတွေ ဘယ်လိုမုန်းမုန်း စစ်သားတွေကို ကျွန်မ မမုန်းတော့ဘူး!!

ဒီပုံလေးမြင်တော့ ကျွန်မ ရင်ထဲ ဆို့နင့်သွားတယ် ...

သူ့ခမျာ လက်ထပ်ထားတာ မကြာသေးတဲ့ ဇနီးနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်ရှာမှာပဲ ...

ဒါပေမယ့် ပြည်သူတွေအတွက် စစ်တိုက်နေရတယ်!

သူ့ခမျာ လူ့လောကထဲ မရောက်လာသေးတဲ့ သားလေးကို မြင်ချင်ရှာမှာပဲ ...

ဒါပေမယ့် မြင်ခွင့်မရဘဲ အသက်စွန့်သွားရတယ်!

မကြာသေးမီက ကျဆုံးသွားကြတဲ့ ဗိုလ်မျိုးမင်းသန့် နဲ့ တပ်မတော်သား ၄၈ ယောက် အတွက် ကျွန်မ တကယ်စိတ်မကောင်းပါဘူး ...

အားလုံး ကောင်းရာသုဂတိလားကြပါစေ ...

ပြီးတော့ ...

....................
........................

စစ်ပွဲတွေလည်း အမြန်ဆုံးရပ်ကြပါစေ :pray


( ဒီပုံလေးကို ကိုနေပိုင်ဆီက ယူထားတာပါ ... မူရင်းပုံအောက်က စာကိုလည်း အောက်မှာ တင်ပေးလိုက်ပါတယ် )


✔ Thu Thu Lay ✔


__________________________________________________________________


အိပ်မက်ကလေးပဲ ဖြစ်မယ်မောင်
================
တမလွန်ဆိုတာ မိုးရွာလေ့ရှိသလား မောင်။
အချိန်တိုတိုလေးမှာပဲ မောင့်ရဲ့ဝင်သက်ထွက်သက်ကလေးလည်း တိုသွားတယ်။
ဘယ်လိုဘုရားသခင်မျိုးရဲ့ လက်နဲ့မှ စစ်ပွဲတွေကို သတ်လို့ရမလဲ။

အိပ်မက်ကလေးလည်းဖြစ်မယ်.. မောင်။
အိပ်မက်ဆိုတာလည်း အိမ်ထဲမှာပဲရှိလိမ့်မယ်။
မောင် မမြင်ဖူးတဲ့ သားလေးက မောင့်ကိုလည်း မြင်ဖူးမှာမဟုတ်ဘူး။
ဒါမင်းဖေဖေလို့ ဓာတ်ပုံကလေးပြမိတဲ့အခါ
ကလေးပြန်ပြောမယ့်စကားတွေက ကျွန်မအတွက် အလျော်အစားလည်း ကြီးနိုင်တယ် မောင်။

ရန်ကုန်မှာ မိုးရွာတဲ့နေ့က မောင်ကျွန်မဆီပြန်လာတယ်။
လက်နှစ်ဖက်ပါမလာဘူး။
မောင်ကျွန်မဆီ ပြန်လာတယ်။
ခြေထောက်နှစ်ဖက် ပါမလာဘူး။
မောင်ကျွန်မဆီပြန်လာတယ်။
ခန္ဓာကိုယ်တစ်ခုလုံး ပါမလာဘူး။
မောင်ကျွန်မဆီ ပြန်လာတယ်။
ဝင်သက်ထွက်သက်ကလေး ပါမလာဘူး။
ဒါပေမဲ့ မောင်ကျွန်မဆီပြန်လာခဲ့တယ် မောင်။

ကျွန်မ စစ်ပွဲတွေကို မုန်းပြီး စစ်သားတွေကို ချစ်တယ်မောင်။
စစ်ပွဲတွေက စစ်သားတွေကို သတ်တယ်။
ပြီးတော့ မောင့်ကိုသတ်တယ်။
မမျှော်လင့်တဲ့ကံကြမ္မာက ကျွန်မမျှော်လင့်ချက်ကလေးကို ဝင်တိုက်သွားတယ်။
မောင်ပြန်လာခဲ့သလိုပဲ ကျွန်မဆီ မောင် ပြန်လာတယ်။
အိပ်မက်ကလေးပဲဖြစ်မယ်.. မောင်။

နေပိုင်
(အပတ်စဉ် ၅၂ မှ ဗိုလ်မျိုးမင်းသန့် နှင့် မကြာသေးမီက ကျဆုံးသွားကြသော တပ်မတော်သား ၄၈ ယောက် ကောင်းရာသုဂတိ လားပါစေ)
— with ကိုရင်လူထွက် ငပိချက် and 32 others.

No comments:

Post a Comment