Wednesday, March 5, 2014

ပြန်ပေးခဲ့ပါ…


************
ကိုယ့်ရင်ခွင်လွှာကိုတွန်းဖွင့်
ဇွတ်အတင်းပဲလှုပ်နှိုး
ကိုယ့်နှလုံးသားကိုခိုးယူဖို့ 
မင်း…ကြိုးစားနေသလားကွယ်…

ရင်ခုန်သံတွေကိုသော့ပိတ်
တိတ်တဆိတ်အကျဉ်းချထားတဲ့ကိုယ်
မင်းရဲ့အပြုံးရောင် keyလေးနဲ့မှ
ှရင်ခွင်တံခါးကတအိအိနဲ့
ညည်းသံသဲ့သဲ့လေးများတောင်ထွက်လို့ 

ကလေးရေ…
ဒဏ်ရာတွေဒင်းကြမ်းခင်းထားတဲ့
ကိုယ့်အသဲကြမ်းပြင်ကို
လုံအောင်ဖုံးဖို့  ကြည်ရွှင်ခြင်း
ဖျာလေးတစ်ချပ်တောင်မရှိသေးပါဘူးး

ခုထိမခြောက်သေးတဲ့…
စိုစွတ်ဆဲမျက်ရည်မိုးစက်တွေက
ဟိုတစ်ကွက် သည်တစ်ကွက်
ကိုယ့်ရင်ခွင်ခေါင်မိုးမှာ…
နာကျင်အက်ရာတွေကျိုးတိုးကျဲတဲနဲ့

မင်းး…အတွက်
်ကိုယ့်ရင်ခွင်အိမ်ငယ်ကလေးး
အမိုးမလုံနိုင်သေးပါဘူးးကွယ်…

ကိုယ့်ရင်ခွင်လွှာကိုစေ့ပိတ်
ခြေသံတိတ်တိတ်လေးနဲ့
ဒဏ်ရာကြမ်းပြင်ကိုဖွနင်းလို့ 
မင်းးပြန်ထွက်သွားတော့မယ်ဆိုရင်
ကလေးရယ်…
ကိုယ့်နှလုံးသားကိုပြန်ချထားခဲ့ပေးပါ…

ခင်လေးစံပယ်

(ရသတစ်မျိုးလေးပေးဆပ်ခြင်းးး)

No comments:

Post a Comment