Wednesday, March 5, 2014

၅၉(စ) ကို ဘာဆိုတာ မသိတဲ့ပြည်သူတွေကဒီ ၅၉(စ)သည်..ပြည်သူတွေကိုကန့်သတ်

3-3-2014 မနေ့ ကဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ၅၉(စ) ကို ပြင်ဆင်ဖို့အင်အား၁၀၀ ခန့် ဆန္ဒထုတ်ဖော်သွားကြပါတယ်...ပြောချင်တာက... အဲဒီဆန္ဒထုတ်ဖော်သူတွေ ကြွေးကြော်သံပါ....သူတို့ ဘယ်လို ကြွေးကြော်သလဲဆိုတော့..

"ပြည်သူ/သားတွေကိုကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေ ပြင်ဆင်ရေး ဒို့အရေး...ဒို့အရေး.." လို့ ကြွေးကြော်ပြီး....

"၅၉(စ) ပြင်ဆင်ဖျက်သိမ်းရေး ..ဒို့ အရေး...ဒို့ အရေး.." လို့ နောက်ကနေကြွေးကြော်ပါတယ်...ဒီတော့...

ချုပ်ချယ်ထားသလိုဖြစ်နေပါတယ်...ဒီလို ဖြစ်အောင်လည်းတမင်တကာ လုပ်ကြံဖန်တီး ကြွေးကြော်တာပါ...

ဆန္ဒထုတ်ဖော်သူထဲကသူတွေကိုမေးတော့ ၅၉(စ)ဆိုတာ သေချာမသိပါဘူး..အော်ခိုင်းလို့သာ အော်နေတာပါ...၅၉(စ)သည် ပြည်သူတွေကို ကန့် သတ်ချုပ်ချယ်ထားတာမဟုတ်ပါဘူး..နိုင်ငံတော် အကြီးအကဲနဲ့သာ သက်ဆိုင်တာပါ...၅၉ ပါ သတ်မှတ်အရည်အချင်းနဲ့ပြည့်စုံသူ မည်သူမဆို သမ္မတ ဖြစ်နိုင်ပါတယ်...

နောက် ကြားလိုက်တာက" မင်းငါ့ကို တစ်ထောင်ပေးဖို့ ကျန်သေးတယ်နော်" တဲ့..

ပြည်သူတွေကိုနားလှည့် ပါးရိုက်မလုပ်ကြပါနဲ့ ..... ၅၉ ပါ အချက်တွေကိုသေချာရှင်းပြပြီး ပြင်လိုက်ပါက ဖြစ်လာမယ့် အကျိုးဆက်တွေပါ သိအောင်ပြောပြီးပြည်သူတွေ ဆန္ဒအတိုင်းလုပ်ဆောင်ပါ...ရှင်းရှင်းပြောရရင်NLD ဆန္ဒက ပြည်သူ့ ဆန္ဒမဟုတ်သေးဘူးဆိုတာပါပဲ....

သခင်ခက်ထန်

No comments:

Post a Comment