Wednesday, March 19, 2014

မိန်းကလေးအများစုက

မိန်းကလေးအများစုက
ကိုယ့်ချစ်သူကို အရမ်းချစ်မိသွားတဲ့အခါ

ကလေးတစ်ယောက်လိုဆိုးနွဲ့မှုလေးတွေနဲ့
ကိုယ်ချစ်တဲ့သူဆီက ဂရုစိုက်မှုလေးတွေကို ရယူချင်
မိတတ်ကြပီး

လူကြီးတစ်ယောက်လို ဆုံးမမှုလေးတွေနဲ့
ကိုယ့်ချစ်သူရဲ့ မှားနေတဲ့အရာလေးတွေကို ပြုပြင်ပေး
ချင်တတ်ကြတယ်

သဝန်တိုမှုတွေ ပြည့်တဲ့ ချစ်ခြင်းတွေ ကိုယ့်ချစ်သူကို
ချစ်နေတတ်ကြပေမဲ့ နားလည်မှုလေးတွေနဲ့ ခွင့်လွှတ်
ပေးနိုင်တတ်ကြပြန်တယ်

ကိုယ့်အပေါ် အလေးအနက်ထားတတ်တဲ့ ချစ်ခြင်းတွေ
ကိုပဲ လိုချင်တတ်ကြပေမဲ့ အရမ်းချစ်မိသွားတဲ့
အချိန်မှာတော့ အရာရာကို ပေးဆပ်ရင်းနဲ့ ချစ်နေပေး
တတ်ကြတာပါပဲ

Khin Myo Aye
Like ·

No comments:

Post a Comment