Friday, March 7, 2014

၁၀၈ - ကွက် စက်အမှတ်အသားများ


နှစ်ဖက်သော ခြေဖဝါးပြင် တို့၌ တစ်ရာ့ရှစ်ကွက် စက်အမှတ်အသား ဟူသည် တို့ကား -
၁။ လှံမ

၂။ အိမ်မွန် = ကျက်သရေတိုက်
၃။ ဇလပ်ပန်း
၎။ လည်ရေးသုံးဆင့်
၅။ ဦးဆောက်ပန်း = ဦးစိုက်ပန်း
၆။ ထမင်းပွဲ
၇။ အင်းပျဉ်ဝန်း = ရွှေသလွန်တော်
၈။ ချွန်းတောင်း
၉။ ပြသာဒ်
၁၀။ တုရိုဏ်တိုင် = တံခါးတိုင်
၁၁။ ထီးဖြူတော်
၁၂။ သန်လျက်
၁၃။ ထန်းရွက်ယပ်ဝန်း
၁၄။ ဥဒေါင်းမြီးစည်းယပ်
၁၅။ သင်းကျစ်တော်
၁၆။ ပတ္တမြားကျောက်မျက်
၁၇။ အရောင်တဖိတ်ဖိတ်လက်သော စားတော်ခွက်
၁၈။ မုလေးပန်းဆိုင်း
၁၉ မှ ၂၃။ ကြာညို၊ ကြာနီ၊ ကြာဖြူ၊ ကြာပဒုမာ၊ ကြာပုဏ္ဍရိက် ကြာမျိုး
၂၄။ မုန်ညင်းဖြူစေ့ စသည်ဖြင့် ပြည့်သောအိုး
၂၅။ ထို့အတူ ဖလား
၂၆။ သမုဒြာ
၂၇။ စကြဝဠာတောင်
၂၈။ ဟိမဝန္တာတောင်
၂၉။ မြင်းမိုရ်တောင်
၃၀ မှ ၃၁။ နေဝန်း၊ လဝန်း
၃၂။ နက္ခတ်များ
၃၃ မှ ၃၆။ ကျွန်းငယ် အရံနှစ်ထောင်နှင့် တကွသောကျွန်းကြီး လေးကျွန်း
၃၇။ အခြွေအရံ ပရိသတ် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြာမင်း
၃၈။ လက်ယာရစ် ခရုသင်းဖြူ
၃၉။ ရွှေငါးကြင်းအစုံ
၄၀။ လက်နက်စက်
၄၁ မှ ၄၇။ ဂင်္ဂါမြစ်ကြီး ခုနစ်မြစ်
၄၈ မှ ၅၃။ တောင်စဉ်တောင်ရံ ခုနစ်လုံး
၅၅ မှ ၆၁။ သီတာခုနစ်တန်
၆၂။ ဂဠုန်ငှက်မင်း
၆၃။ မိကျောင်း
၆၄။ တံခွန်လျား
၆၅။ တံခွန်ကုက္ကား
၆၆။ ရွှေသံလျင်း
၆၇။ ရွှေရောင်တောက်သည့် သားမြီးယပ်
၆၈။ ကေလာသ ငွေတောင်
၆၉။ ခြင်္သေ့မင်း
၇၀။ ကျားမင်း
၇၁။ ဝလာဟက မြင်းမင်း
၇၂။ ဥပေါသထ ဆင်မင်း (သို့မဟုတ်) ဆဒ္ဒန်ဆင်မင်း
၇၃။ ဗာသုကီ နဂါးမင်း
၇၄။ ရွှေဟင်္သာမင်း
၇၅။ ဥသဘ နွားမင်း
၇၆။ ဧရာဝဏ် ဆင်မင်း
၇၇။ ရွှေမကရ်း
၇၈။ ရွှေလှေ
၇၉။ ဗြဟ္မာမင်း
၈၀။ သားနှင့်တကွသော နို့စားနွားမ
၈၁။ ကိန္နရာ (ဖို - မ)
၈၂။ ကရဝိက် ငှက်မင်း
၈၃။ ဥဒေါင်းမင်း
၈၄။ ကြိုးကြာငှက်မင်း
၈၅။ စက္ကဝါက်ငှက်မင်း
၈၆။ ဇီဝဇိုးငှက်မင်း
၈၇ မှ ၉၂။ ကာမာဝစရ နတ်ပြည်ခြောက်ထပ်
၉၃ မှ ၁၀၈။ ရူပါဝစရ ဗြဟ္မာ့ပြည် တစ်ဆယ့်ခြောက်ထပ် တို့ ဖြစ်ကုန်၏။

ဗြဟ္မာမင်း ကဲ့သို့ ဖြောင့်စင်း ရှည်သွယ်သော ကိုယ်တော်ရှိခြင်း စသည့် အချို့အချို့သော မဟာပုရိသလက္ခဏာ တို့သည် မယ်တော် ဝမ်းကြာတိုက်မှ ဖွားမြင်ပြီးစ ကလေးသူငယ် အရွယ်ကာလတွင် သာမည အသိဉာဏ်ရှိသူ လူတိုင်းလူတိုင်းတို့အဖို့ မျက်ဝါးထင်ထင် မြင်နိုင်လောက်အောင် သိသာပြည့်စုံစွာ ပေါ်လွင်လာကြသေးသည် မဟုတ်ကုန်၊ စင်စစ်သော်ကား ဖွားမြင်ခါစအချိန်တွင် ဤ အမှတ်အသား ဤ အခြင်းအရာ ဤ အခြေအနေ တို့ကို တွေ့မြင်ကြခြင်းဖြင့်ပင် သုဒ္ဓါဝါသ ဗြဟ္မမန္တန် ဗေဒင်ဉာဏ်ကို စွမ်းသန်စွာ တက်မြောက်ကြကုန်သော ထို လက္ခဏာတက် နိမိတ်ဖတ် ပုဏ္ဏားတော် တို့၏ ဉာဏ်ပညာ အစွမ်းဖြင့် အပြည့်အစုံ ပေါ်လွင်နေပြီ ကဲ့သို့ တွက်ချက်ယူဆမှတ်သား နိမိတ်ဖတ်ကြားကြခြင်း ဖြစ်သည်။ (ဤနည်းအတူ သွားတော် လေးဆယ် အစေ့အင ပေါက်ရောက်ခြင်း သွားတော် မကျဲခြင်း အစရှိသော မဟာပုရိသလက္ခဏာတော် သည်လည်း ဖွားသစ်စ အလောင်းတော်သူမြတ်၌ တကယ်မျက်မြင် မပေါ်ကြသေးသော်လည်း နောက်အခါ အချိန်စေ့ရောက်သောကာလ မုချပေါ်ပေါက်မည်ကို သုဒ္ဓါဝါသ ဗြဟ္မမန္တန် ဗေဒင်ဉာဏ်ဖြင့် ကြိုတင်သိမြင်၍ ဟောဆိုကြခြင်း ဖြစ်၏။)
Like · ·

No comments:

Post a Comment