Wednesday, March 5, 2014

ဆောင်းပါးကဏ္ဍ

Credit to: Yangon Media Group


................................................................................................

အောင်ဆန်းခန်းဆောင်နှင့်ဗိုလ်ချုပ်ပုံရိပ်

ဘုန်းလူလှ

................................................................................................

ဗိုလ်ချုပ်သည် ကျွန်တော်တို့ပဲခူးကျောင်းဆောင် အလယ် ထပ် ရှေ့ဘက်တန်း အဓိပတိလမ်းမဘက်သို့ မျက် နှာမူလျက်ရှိသော အခန်းတွင် နေခဲ့ပါသည်။ အခန်း အမှတ်ကို မမှတ်မိတော့ပါ။ ကျောင်းသို့ ရောက်စက ပင် ဗိုလ်ချုပ်နေခဲ့သည့်အခန်းကို သွားကြည့်ဖူးပါသည်။ ကျွန်တော်ဗိုလ် ချုပ်ကို လေးစားကြည်ညိုခဲ့သည်မှာ ဗိုလ်မင်းလွင်၏ ကျေးဇူးကြောင့်ဖြစ်ပါ သည်။ ဖြစ်စဉ်က ယခုလိုပါ။

ဂျပန်ခေတ်တစ်လျှောက်လုံး စာမသင်ခဲ့ရသဖြင့် ကျွန်တော်တို့ စာငတ်နေခဲ့ကြပါသည်။ စစ်ပြီး၍ ကျောင်းပြန်ဖွင့်သည့်အခါ ကျွန်တော် တို့သူငယ်ချင်းလေးယောက် ငါးမိုင်ဝေးသော ကျောင်းသို့ ခြေလျင်လျှောက် ခဲ့ကြပါသည်။ ကျောင်းသို့ အသွားအပြန်လမ်းတွင် လူငယ်များ စစ်သင်တန်း တက်နေကြသည်ကို တွေ့ရပါသည်။ စစ်ချီသီချင်းများကို စိတ်အားတက်ြ<ွကစွာဆိုလျက် စစ်ချီ စစ်တက်ပြုသည်ကို ကျွန်တော်တို့ အလွန်သဘောကျ ကြပါသည်။ မကြာပါ။

ကျွန်တော်တို့သူငယ်ချင်းတစ်ဦးဖြစ်သူ ညီခင် ကျွန်တော်တို့မြို့တွင် တာဝန်ကျနေသော ဗိုလ်မင်းလွင်၏တပ်သို့ ဝင်သွား ပါသည်။ ညီခင်ထံသွားလည်ရင်းနှင့် ဗိုလ်မင်းလွင်အား သိကျွမ်းခဲ့ရပါသည်။

ဗိုလ်မင်းလွင်သည် ကျွန်တော်တို့သာသာအရွယ် ရှိသေးသော် လည်း ဗိုလ်ဖြစ်နေပြီဖြစ်သဖြင့် သူ့ကို ကျွန်တော်တို့ အားကျပါသည်။ သူ ကလည်း ဖော်ရွေပါသည်။ သူ၏အတွေ့အကြုံများကိုပြောပြရာ ကျွန်တော် တို့အဖို့ အသစ်အဆန်းဖြစ်သဖြင့် သူ့ကို အထင်ကြီးမိပါသည်။

ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့မှာ စနေနေ့ ဖြစ်ပါသည်။ ကျွန်တော် တို့ရွာတွင် ရေဒီယိုမရှိသဖြင့် ကျွန်တော်တို့ ဘာမှမသိရပါ။ တနင်္လာနေ့ ကျောင်းသို့ရောက်မှ သူငယ်ချင်းများပြောပြ၍ သိရပါသည်။ နေ့လယ် ကျောင်းဆင်းချိန် ညီခင်ထံသို့သွားလည်ရာ ဧည့်ခန်းထဲတွင် ဗိုလ်မင်းလွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို တွေ့ရပါသည်။ သူသည် ဝမ်း နည်းခြင်းနှင့် ဒေါသထွက်ခြင်းတို့ကြောင့် မတည်မငြိမ် ဖြစ်နေပါသည်။ လမ်းလျှောက်နေရင်းမှ ထိုင်လိုက်သည်။ ချက်ချင်းပင်ထ၍ လမ်းလျှောက် ပြန်သည်။ ကျွန်တော်တို့လည်း သူ့ကို နှုတ်မဆက်ရဲ ဖြစ်နေကြပါသည်။ ကျွန်တော်တို့ကို မြင်လျှင် သူက ''မင်းတို့ ဗိုလ်ချုပ်ကျဆုံးတဲ့အကြောင်း ကြားပြီးကြပြီလား''ဟု မေးပါသည်။ ကျွန်တော်တို့က ကြားပြီးပြီဖြစ်ကြောင်း ပြောရာ ကျွန်တော်တို့အားထိုင်ခိုင်းပြီး ဗိုလ်ချုပ်အကြောင်းကို ပြောပြပါ သည်။

''ငါတို့နိုင်ငံမှာ ဗိုလ်ချုပ်လိုခေါင်းဆောင် မရှိဘူးကွ''ဟု အစချီ ပြီး ဗိုလ်ချုပ်အကြောင်းကို ပြောပြပါသည်။ ဗိုလ်ချုပ်သည် အလွန်စာဖတ် သည့်ကျောင်းသား၊ သတ္တိခဲ ကျောင်းသားခေါင်းဆောင်၊ အရည်အချင်းအ ပြည့်ရှိသော နိုင်ငံရေးခေါင်းဆောင်၊ လွတ်လပ်ရေးအတွက် အသက်ကို စွန့်လှူထားသူ။ ထိုမှ... ရဲဘော်သုံးကျိပ်ကိုခေါင်းဆောင်၍ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ပုံ၊ ဂျပန်ကိုတော်လှန်ရာတွင် ခေါင်းဆောင်ပုံ၊ သတ္တိ ရှိပုံ စသဖြင့် ဖြစ်သည်။ ထိုမျှနှင့် မကျေနပ်သေးပါ။ ဗိုလ်မင်းလွင်က ဆက်၍ နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ရေးအားလုံးတွင် အမြော်အမြင်ရှိပုံ၊ ဖြောင့်မတ် တည်ကြည်ပုံ၊ ကိုယ်ကျိုးမဖက်ပုံ၊ ငယ်သားရဲဘော်များအား ထောက်ထား ညှာတာပုံ စသဖြင့် မမောနိုင်မမောပန်းနိုင် ပြောပြပါသည်။ ကျွန်တော်တို့ တစ်ခါမှမကြားဖူးသေးသော ဗိုလ်ချုပ်၏ဂုဏ်ပုဒ်များ ဖြစ်ပါသည်။

ဗိုလ်မင်းလွင်က ဗိုလ်ချုပ်ကျဆုံးရခြင်းမှာ ဗိုလ်ချုပ်အား အကာ အကွယ်ပေးရန် တာဝန်ရှိသူ၏ ပျက်ကွက်မှုကြောင့်ဖြစ်ကြောင်း ပြောပြပြီး ''ငါရန်ကုန် သွားမယ်ကွ။ အဲဒီလူကို ဓားချင်းယှဉ်ခုတ်ဖို့ ငါစိန်ခေါ်မယ်''ဟုလည်းပြောပါသည်။ ထိုအချိန်မှစ၍ ဗိုလ်ချုပ်အကြောင်း လက်လှမ်းမီ သမျှ ဖတ်ရှုခဲ့ပါသည်။ တက္ကသိုလ်သို့ရောက်သည့်အခါ ပို၍ စုံစုံလင်လင် လေ့လာဖတ်ရှုခွင့်ရခဲ့ပါသည်။ ထိုအခါတွင်မှ ဗိုလ်ချုပ်အား သူ၏ရဲဘော် ငယ်သားများ၊ လုပ်ဖော်ကိုင်ဖက်များ၊ နောက် တိုင်းသူပြည်သူများ လေးစား ချစ်ခင်သည်မှာ အံ့သြစရာမဟုတ်ကြောင်း ခံစားမိခဲ့ပါသည်။

ဗိုလ်ချုပ်အ ကြောင်းကို ပြော၍၊ ဟော၍၊ ရေး၍ကုန်နိုင်မည်မဟုတ်ကြောင်းဖြင့်လည်း ထင်မြင်မိပါသည်။

အောင်ဆန်းခန်းဆောင် ဖွင့်ပွဲအခမ်းအနားကို ပဲခူးကျောင်း ဆောင်တွင် ကျင်းပခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်ကျောင်းပြီးပါပြီ။ သို့ သော် ကံဆုံသဖြင့် ယင်းအခမ်းအနားသို့ တက်ရောက်ခွင့်ရခဲ့ ပါသည်။ အောင်ဆန်းခန်းဆောင် ဖွင့်သည့်နေ့ရက်ကိုတော့ မမှတ်မိတော့ပါ။ သို့ သော် ၁၉၅၇ ခုနှစ်ဖြစ်ကြောင်းကိုတော့ မှတ်မိပါသည်။ ကျွန်တော် အလုပ် ရှာရန် ရောက်နေခြင်းဖြစ်ပါသည်။ ရန်ကုန်ရောက်လျှင် ဆရာ့အိမ်တွင် တည်းခိုရပါသည်။ ထိုစဉ်က ဆရာ''ဒဂုန်ဟောက်စ်''ဟု ခေါ်သည့် အိမ်သို့ မပြောင်းသေးပါ။ ပဲခူးကျောင်းဆောင်မှူးအဖြစ် တာဝန်ယူဆဲကာလဖြစ် ပါသည်။ ကြီးကျယ်ခမ်းနားသော ပွဲသဘင်ကြီးတစ်ခုတော့ မဟုတ်ပါ။ သို့ရာ တွင် တက္ကသိုလ်၏ အဓိပတိဝန်ကြီးချုပ် ဦးနုနှင့်ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်တို့တက်ရောက်စဉ် ဗိုလ်ချုပ်အား ဂုဏ်ပြုမိန့်ခွန်းများြ>ွမက်ကြား ခဲ့ကြပါသည်။

အောင်ဆန်းခန်းဆောင်ကို တရားဝင်ဖွင့်ပြီးသည့်အခါ အခြား ကျောင်းသားများနှင့်အတူ ကျွန်တော် သွား၍ကြည့်ခဲ့ပါသည်။ အိပ်ရာ၊ ခြင်ထောင်နှင့် စာအုပ်စာတမ်းများမှာ ဗိုလ်ချုပ်နေထိုင်ခဲ့စဉ်ကအတိုင်း ခင်း ကျင်းထားသည်ဟု ဆိုပါသည်။ ဘာတစ်ခုမှ သေသေသပ်သပ် စနစ်တကျ မရှိပါ။ ကျွန်တော် စာအုပ်၊ စာစောင်များတွင် ဖတ်ခဲ့ဖူးသည့်အတိုင်းပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် နိုင်ငံနှင့် ပြည်သူလွတ်မြောက်ရေးကလွဲ၍ ဘာ တစ်ခုကိုမှ မစဉ်းစားခဲ့လေသလားဟု ထင်မိပါသည်။ ကျောင်းသားများ ပြန်သွားကြသည့်အခါ ကျွန်တော်လည်း ပြန်ခဲ့ပါသည်။ အိပ်ရာပေါ်တွင်လှဲ ပြီး ကျွန်တော် စဉ်းစားနေမိပါသည်။

''တက္ကသိုလ်တွင် ကျွန်တော် ရှမ်းကျောင်သားတစ်ဦးနှင့် ရင်း နှီးခင်မင်ခဲ့ပါသည်။ သူလည်း ပဲခူးကျောင်းဆောင်တွင် နေသူဖြစ်သည်။ သူ က နိုင်ငံရေးသိပ္ပံကျောင်သားတစ်ဦးဖြစ်၍ ကျွန်တော်နှင့် ဥရောပခေတ်သစ် သမိုင်းသင်တန်းတွင် အတူတက်သူဖြစ်ပါသည်။ သူက နိုင်ငံရေးကို ဝါသ နာပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအကြောင်းကိုလည်း ပြောပြ တတ်ပါသည်။ သူက ''ခင်ဗျား ရခိုင်ပဲ။ ခင်ဗျားတို့ သမိုင်းတစ်လျှောက်လုံး ကိုယ့်မင်းကိုယ့်ချင်း နေလာတာပဲ။ ခင်ဗျားတို့ ဘာကြောင့်ပြည်နယ်မရတာ လဲ''ဟု မေးပါသည်။

''ရခိုင်ပြည်နယ်ရယူရေးဆိုတာ ကျွန်တော် ဘယ်တုန်းကမှ မစဉ်း စားခဲ့မိပါဘူး။ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ မှီတင်းနေထိုင်သူအားလုံး အညီအမျှတိုးတက်ရေး၊ အညီအမျှ ကျန်းမာချမ်းသာရေး၊ အညီအမျှ ပညာ သင်ကြားခွင့်ရရေး၊ ဒါတွေကိုသာ စဉ်းစားမိတယ်''ဟု စိတ်ရင်းအတိုင်း ပြောခဲ့ပါသည်။

''ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လူမျိုးတစ်ခုဟာ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တော့ ရှိသင့် တာပေါ့''ဟု သူက ပြောပါသည်။ ကျွန်တော် စောဒကမတက်ပါ။

''ဗိုလ်ချုပ်သာရှိခဲ့ရင် ကျွန်တော်တို့ အခုထက် အခွင့်အရေးအ များကြီး ရမှာ၊ ကျွန်တော် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရမှာ။ အခုက ပြည် နယ်ဆိုပေမဲ့ အလကားပဲ၊ ဘာမှ အာဏာမရှိဘူး''ဟုလည်း ပြောပါသည်။

ကျွန်တော် ဘာမှမပြောပါ။ ကျွန်တော်တို့ဆက်၍ လမ်းလျှောက် လာခဲ့ကြပါသည်။ ပဲခူးကျောင်းဆောင် ထမင်းစားခန်းမအနီးသို့ ရောက် သည့်အခါ သူ ကျွန်တော့်ရှေ့မှရပ်ပြီး ''ဗိုလ်ချုပ်ကို ဘာကြောင့် သတ်လိုက် ကြတာလဲဗျာ... ခင်ဗျား ဘယ်လိုထင်သလဲ''

ထိုမျှခက်ခဲနက်နဲသော မေးခွန်းကို ကျွန်တော်က ပေါ့ပေါ့ပါး ပါးပင် ဖြေခဲ့ပါသည်။

''ဗိုလ်ချုပ်တော်လွန်းလို့ပေါ့ဗျာ''ဟု ပြန်ဖြေလိုက် သောအခါ သူက ဆက်မမေးပါ။ သူလည်း နိုင်ငံရေးသိပ္ပံကျောင်းသား တစ် ယောက်ဖြစ်သဖြင့် လေ့လာထားပြီး ဖြစ်နိုင်သည်။ သူမေးလျှင် ကျွန်တော့် မှာ ဖြေစရာတွေ အများကြီးရှိပါသည်။ ထိုစဉ်က ရှေးဟောင်းနိုင်ငံရေးသ မားဟောင်းကြီးများ စုံစုံညီညီ ရှိကြပါသေးသည်။ ဗိုလ်ချုပ်က လုပ်နိုင်သူ လုပ်ကြ။ မိမိဖယ်ပေးပါမည်ဟု ပြောထားပြီးသားဖြစ်သည်။ ခေါင်းဆောင် လုပ်လိုသူတိုင်း ပြည်သူလူထုကို စည်းရုံးနိုင်ရမည်။ ပြည်သူလူထုက လက် ခံမှသာ ခေါင်းဆောင်ဖြစ်နိုင်သည်။ ''ငါခေါင်းဆောင် လုပ်မယ်ကွာ''ဟု ပြော၍မဖြစ်နိုင်ပါ။ မည်သူမျှ လူထုကို ခေါင်းဆောင်နိုင်သူမရှိပါ။ သို့ဖြစ် ၍ ယခုလိုနည်းဖြင့် ဗိုလ်ချုပ်ကို ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။


ဗိုလ်ချုပ်သည် တစ်နှစ်အတွင်း လွတ်လပ် ရေးရရှိရမည် ဟူသောြေ<ွကးကြော်သံဖြင့် ပြည်သူကို စည်းရုံး၍ တိုက်ပွဲဝင်ခဲ့သည်။ လွတ်လပ်ရေးအတွက် အဆင်သင့်ဖြစ်စေရန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးကို အာရုံစိုက်ခဲ့ရသည်။ တိုင်းပြုပြည်ပြုလွှတ် တော်လည်း ဖွဲ့စည်းရန်လိုသည်။ သို့ဖြစ်၍ တစ်နိုင်ငံ လုံးလှည့်၍ စည်းရုံးခဲ့သည်။ ရခိုင်သို့လည်းရောက်ခဲ့ သည်။ သို့ရာတွင် ကျွန်တော်တို့သံတွဲမြို့တွင် ဟော ပြောပွဲမလုပ်ခဲ့ဟုသိရပါသည်။ သံတွဲသို့ တောင်ကုတ် မှတစ်ဆင့်လာခဲ့သော်လည်း ကင်းမော်တွင် ဖ-ဆ-ပ-လ ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး ပြန်သွားသည်ဟုပြောကြ သည်။ ယင်းသို့ဖြစ်ရသည်မှာ ဗိုလ်ချုပ်ထက်စော၍ ဆရာဦးကျော်ရင် လာရောက်စည်းရုံးခဲ့သဖြင့် ကွန်မြူ နစ်များအသာရနေပြီဖြစ်၍ ဗိုလ်ချုပ်မစည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု တချို့ကပြောပါသည်။ ယင်းရွေးကောက် ပွဲတွင် ကွန်မြူနစ်ပါတီအမတ်လောင်းက ပြိုင်ဘက်မရှိ အနိုင်ရသွားဟုတ်လိမ့်နိုးနိုး ထင်ခဲ့မိပါသည်။ ဆရာ ဦးကျော်ရင်မှာ အင်္ဂလိပ်များ ဆုတ်ခွာသွားစဉ်က မြို့ ရွာ လုံခြုံရေးကို ဆောင်ရွက်ခဲ့ခြင်း၊ စစ်အတွင်းက အိန္ဒိယသို့ လျှို့ဝှက်သွားရောက်ပြီး လွတ်လပ်ရေးတိုက် ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ခြင်းတို့ကြောင့် အများ၏ယုံကြည် လေးစားမှုကို ခံရသူဖြစ်သဖြင့်လည်း ဟုတ်လိမ့်နိုးနိုး ထင်ခဲ့မိပါသည်။

ဆရာဦးကျော်ရင် သံတွဲတွင် စည်းရုံးရေး ဆင်းခဲ့သည့်ကိစ္စကို ဆရာအား ကျွန်တော်မေးဖူးပါ သည်။ ဆရာသည် ကွန်မြူနစ်ပါတီအနေဖြင့် စည်းရုံး ခဲ့ခြင်းမဟုတ်ပါ။ ဖ-ဆ-ပ-လအနေဖြင့် စည်းရုံးခဲ့ခြင်း သာဖြစ်ပါသည်။ ဆရာက ''ငါ သံတွဲမှာ စည်းရုံးရေး ဆင်းခဲ့တာ ကွန်မြူနစ်ပါတီဝင်တစ်ဦးအနေနဲ့ ကွန်မြူ နစ်ပါတီအတွက် စည်းရုံးခဲ့တာမဟုတ်ဖူးကွာ။ ဖ-ဆ-ပ-လ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ဖ-ဆ-ပ-လ၏ ဦးဆောင်မှု ကို ရယူပြီးတိုက်ပွဲဝင်ဖို့ စည်းရုံးခဲ့တာပါ။ မင်းတို့သိတဲ့ အတိုင်းပဲ နောက်သိပ်မကြာဘူး။ ငါ့ကို သံတွဲပြန်သွား ပြီး စည်းရုံးခိုင်းတယ်။ အခုငါစည်းရုံးရမှာက ဖ-ဆ-ပ-လ မကောင်းကြောင်းပြောပြီး ကွန်မြူနစ်ပါတီအတွက် စည်းရုံးရမှာက အခုပဲ ဖ-ဆ-ပ-လ ခေါင်းဆောင်ပြောပြီး အခုပဲ ဖ-ဆ-ပ-လ မကောင်းဘူး။ ကွန်မြူနစ်သာကောင်း တယ်လို့ ပြောရမယ်ဆိုတော့ လျော်ကန်ပါ့မလား'' ဟု ပြောပါသည်။ ဤတွင်မှရှင်းပါသည်။ ဗိုလ်ချုပ် သံတွဲ တွင် စည်းရုံးရေးတရားမဟောခဲ့သည်မှာ ဆရာဦးကျော် ရင်က ကွန်မြူနစ်အတွက် စည်းရုံးခဲ့၍မဟုတ်။ အခြား အကြောင်းရှိပါလိမ့်မည်။

.............................................

The Flower News Journal

အတွဲ (၁၀) ၊ အမှတ် (၁၀)

(4 - 10, 02, 2014 ၊ တနင်္ဂနွေနေ့)

No comments:

Post a Comment