မောင်မန်း
ဆက်သွယ်ရေး လိုင်စင်ရ အော်ပရေတာ အူရီးဒူးမြန်မာ၏3G ကွန်ရက်စနစ်ကို ပြည်တွင်းတွင် စမ်းသပ် အသုံးပြုမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု အူရီးဒူး မြန်မာက မတ် ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ကွန်ရက်တွင် အချက်အလက်များ ချိတ်ဆက်ခြင်း၊ စာတိုပေးပို့လက်ခံခြင်း၊ အသံလှိုင်းအရည် အသွေးစမ်းသပ်ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
အူရီးဒူးကွန်ရက်ကို စတင်မိတ်ဆက်သောပွဲတွင် အူရီးဒူးမြန်မာ၏ ၀န်ထမ်းများနှင့် တက်ရောက်လာသူများ က မိုဘိုင်းဖုန်းများဖြင့် စတင်စမ်းသပ်ခဲ့ပြီး စာတိုပေးပို့ လက်ခံခြင်းနှင့် အင်တာနက်အသုံးပြုခြင်းများအား စမ်းသပ်အသုံးပြုခဲ့ကြသည်။
“ယခုကဲ့သို့ အောင်အောင်မြင်မြင်စမ်းသပ် အသုံးပြုနိုင်ခဲ့ခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူပါသည်”ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြား ခဲ့သည်။
Ross Cormack က “ကျွန်တော်တို့ ကွန်ရက်ဖြန့်ကြက်ရာမှာ ဒီနေ့ အခုလို အောင်အောင်မြင်မြင် ကွန်ရက် ကို ရရှိသွားတာဟာ အူရီးဒူးမြန်မာအတွက် သမိုင်းမှတ်ကျောက်တစ်ခုကို တည်ထောင်လိုက်နိုင်တာပဲ ဖြစ် ပါတယ်။ အူရီးဒူးမြန်မာကို နေ့စဉ် အဖွဲ့ဝင်နေပြီဖြစ်တဲ့ ရောင်းဝယ်ဖောက်ကားသူတွေအတွက်ပါ စိတ်လှုပ် ရှား ပျော်ရွှင်စရာပါပဲ” ဟု ပြောသည်။
အူရီးဒူးမြန်မာအနေဖြင့် လုပ်ငန်းလိုင်စင်၏ သဘောတူညီချက်များကို ပြည့်မီရန်ဆောင်ရွက်စဉ် အခက်အခဲ များ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်ဟုလည်း Mr. Ross Cormack က ပြောသည်။
Ross Cormack က “ အချိန်တိုအတွင်းမှာ သတ်မှတ်ချက်တွေ ပြည့်မီဖို့ဆိုတာ တကယ်တော့ အခက်အခဲ တွေ စိန်ခေါ်မှုတွေ ကြုံတွေ့ရပါတယ်။ တာဝါတိုင်ဆောက်လုပ်ရေးတွေမှာ ဆောက်လုပ်ခွင့်တွေကျဖို့ ထင် ထားတာထက် ပိုကြာတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ် အဆင့်ဆင့်ကို အလျင်အမြန် ပြီးစီးဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်”ဟု ဆိုသည်။
အူရီးဒူးက ကွန်ရက်ချိတ်ဆက်စမ်းသပ်ရာတွင် ရုံးချုပ်တည်ရှိရာ MICT Park နှင့် အနီးပတ်ဝန်းကျင်တွင် ကွန်ရက်ချိတ်ဆက် စမ်းသပ်ခြင်းဖြစ်သည်။ အူရီးဒူး၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ဇန်န၀ါရီ ၃၀ ရက် က ရရှိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment