Saturday, March 8, 2014

“ ပျူမြို့ တော် သို့ 


အလည်တစ်ခေါက်
လာရောက်လို့ စမ်းစေချင် ”

တို့  ပြည် ဆိုတဲ့ 
ပျူမြို့ တော်ကို
အလည်တစ်ခေါက်
လာရောက်လို့ စမ်းစေချင် . . .

မြို့ လယ်
ရွေဆံတော်ရယ် ဖူးခိုက်လို့ 
ရဟန်းသံဃာ ဘာသာ ရောင်ဝါ ထွန်းလင်းရာ
ပျူတစ်ခက် ယဉ်ကျေးမူ့ တွေ သစ်ဆန်းခဲ့ တဲ့ မြို့ 

ရွှေဘုံသာမုနိ နဲ့ ဖိုးဦးတောင်
စေတီတော်တွေ ၀န်းရံထားတဲ့ မြို့ 

ဘယ်မြို့ မှာမှ မရှိတဲ့ 
ညာဏ်ရိုးပူဇော်ပွဲတွေ ရှိတဲ့ မြို့ 

ကိုခင်ဝမ်းရဲ့ မြို့ 
သမိုင်းဦး ယဉ်ကျေးမူ့ တွေ ထွန်းကားခဲ့ တဲ့ မြို့ 

ဒွတ္တဘောင်ရဲ့  ချစ်သွေးတွေ ရောနှောတဲ့ 
လူငယ်တွေ ချစ်သွေးကြွယ်လှတဲ့ မြို့ 

ဧရာဝတီရယ်အလှလေးကို ထပ်ပိုးလိုက်တာက
ညနေ နေညိုရင်ဖြင့် 
မယ်မဒီ ပျိုကညာတို့ 
ရေခပ်ရင်း ရေချိုးဆင်းရာ မြစ်ဆိပ်မှာ
နတ်သမီး ငါးရာတို့ 
ဆော့မြူး အပျော်ဦးနေတဲ့ သဖွယ်
လှပသေသပ်တဲ့ ညနေရဲ့ အခင်းအကျင်း
သင့် ရင်တွင်း ပြိုဆင်းလာလိမ့်မယ် . . .

ဘယ်မှမပြေးနဲ့ 
တန်းကြည့်တောင် အလှနဲ့ 
ကမ်းနား အကြော် နွေးနွေးလေးများကြား
ပြည်ရဲ့ အချောအလှ ပဂေးများနဲ့ ငေးသွားရလိမ့်အုံးမယ်

ပြည်သူ ပြည်သားတို့ နှယ်
ဧည့်ဝတ်ရယ် ကျေပွန်စမ်းပါ့ 
မနောဖြူ စိတ်တောသူလို
ပျူငှာစွာ ယဉ်ကျေးလွန်းမှဖြင့်
လာရောက်လည်ပါတ်ရာ အဆွေတို့ 
ဝင်္ကဘာ အိမ်ရှေ့ လို တုံခါ ယိမ်းသွေ့ လို့ သွားရအုံးမယ်လေ . . .

ပြည် ဒေါ်ဥ ထမင်းသုပ်
နတ်သုဒ္ဓါ တမျှ စွဲမက်စေရပါတဲ့ 
နိုင်ငံကျော်တဲ့ လက်ရာရယ်
ပြည်မလိုင်ခဲ လေးမှမစားရရင်
လူဖြစ်ရကြိုးမနပ်ဘူး ဆိုတဲ့ မြို့ 
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ 
စိမ်းမြမြ စပါးခင်းတွေ
လေယူရာယိမ်း ဟိမ်းနေတဲ့ မြို့ ပေါ့

လည်စရာ တွေ အပြည့် 
မြစ် အနောက်ဆီ ဧရာဝတီ န၀ဒေတံတားရဲ့ 
ဟိုတစ်ဖက်ကမ်း ကူးလွားထားတဲ့ ဟန်
မင်းကြီးတောင် ပေါ်ကိုတက်
ဘယ် ပုဂံသွားတော့ မလည်း
ဧရာဝတီ နဲ့ တောင်စွယ်နေကွယ်တဲ့ ရှူခင်းရယ်
ကြည်နူးစရာ ကောင်းလိုက်တာမှ
ပန်ချီကားတစ်ချပ် သဖွယ်
ဝေရည် မှုန်လင်းလိုက်တာ မှ ကွယ် . . .

ပြီးတော့ 
အုပ်စီးလို့ မြင်ရတဲ့ မြို့ အလှနဲ့ 
စိမ်းမြမြ တော့အုပ်တို့ ရဲ့ လေသင်းချူသံရနံ့ မှာ
ရုန်းထွက်လို့ ရနိုင်မယ် မထင်
အဲဒီ တောင်ပေါ်က
အပီအပြင် မှော်ဝင်တဲ့ စကားလုံးတွေနဲ့ 
ပြည်သူပဂေးးလေးတို့ ဖမ်းစားတတ်ကြသေးတဲ့ မြို့ 

လာခဲ့ စမ်းပါ
အနောက်ရယ် ဧရာဝတီ
အရှေ့ ရယ် ဆံတော်နဲ့ 
သံဃာတော်တွေ လွှမ်းခြုံစွာ
ခံထည်ကြည်ညိုလွန်းပါတဲ့ 
ဗောဗောကြီး ဗောဗောလေး
ဘုရားကြီး ဘုရားမာ မြို့ တော်ကို ထပ်မံ ၀န်းရံလို့ 
သာသနာ ရောင်ဝါ ထွန်းတဲ့ 
တို့ ပြည်ဆိုတဲ့ မြို့ 
အလည်တစ်ခေါက် လာရောက်လို့ စမ်းစေချင် ....





ပြည် မြို့ လေး မှ ထာဝရ ကြိုဆို လျှက်ပါ . . . .
မိုးခရန် (ပြည်)
Like ·

No comments:

Post a Comment