Tuesday, June 24, 2014

၈။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ထုတ်လွှင့်မည့်အစီအစဉ်

၈။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ထုတ်လွှင့်မည့်အစီအစဉ်
===================================================
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးလ် နိုင်ငံမှာ ကျင်းပလျက်ရှိရာ အုပ်စုပွဲစဉ် များဖြစ်တဲ့ ၂၀၁၄ ခုနှစ် ဇွန်လ (၂၃)ရက်နေ့မှာ တောင်ကိုရီးယားနှင့် အယ်လ်ဂျီးရီးယား အသင်း၊ ဇွန်လ (၂၄)ရက်နေ့မှာ ခရိုအေးရှား အသင်းနှင့် မက္ကဆီကိုအသင်း၊ ဇွန်လ (၂၆)ရက်နေ့မှာ ဟွန်ဒူးရပ်စ် အသင်းနှင့် ဆွစ်ဇာလန် အသင်း၊ ဇွန်လ (၂၇)ရက်နေ့မှာ အယ်လ်ဂျီးရီးယား အသင်းနှင့် ရုရှားအသင်းတို့ရဲ့ ယှဉ်ပြိုင်ပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညနေ (၃)နာရီခွဲတွင် Delay ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ (၁၆)သင်း ရှုံးထွက် ပြိုင်ပွဲများထဲမှ ဇွန်လ (၃၀)ရက်နေ့နှင့် ဇူလိုင်လ (၁)ရက်နေ့တို့တွင် ကျင်းပမည့် ပြိုင်ပွဲများကို ည(၁၀)နာရီခွဲမှာ လည်းကောင်း၊ ဇူလိုင်လ (၅)ရက်နေ့နှင့် ဇူလိုင်လ (၆)ရက်နေ့တို့တွင် ကျင်းပမည့် ကွာတားဖိုင်နယ် ပွဲစဉ်များကို မနက် (၂)နာရီခွဲမှာ လည်းကောင်း၊ ဇူလိုင်လ (၉)ရက်နေ့နှင့် ဇူလိုင်လ (၁၀)ရက်နေ့တို့တွင် ကျင်းပမည့် ဆီမီးဖိုင်နယ် ပွဲစဉ်များကို မနက် (၂)နာရီခွဲမှာ လည်းကောင်း၊ ဇူလိုင် (၁၄)ရက်နေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲ ပွဲစဉ်များကို မနက် (၁)နာရီခွဲမှာ လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမှာဖြစ်ပါတယ်။ ဘောလုံးပွဲများ ထုတ်လွှင့်ပြသ သွားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Analogue စနစ်ဖြင့် ထုတ်လွှင့်သည့် စက်ရုံများအပြင် Digital စနစ်ဖြင့် ထုတ်လွှင့်သည့် စက်ရုံ(၂၄)ရုံလုံးမှ ၂၀၁၄ ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါသဖြင့် ၄င်းဒေသများရှိ DVB T2 Set Top Box ရှိသူများမှလည်း ဖမ်းယူကြည့်ရှု သွားနိုင်မှာ ဖြစ်ပါကြောင်း မိဘပြည်သူများအား ရိုသေလေးစားစွာ သတင်းကောင်း ပါးအပ်ပါသည်။

No comments:

Post a Comment