Friday, February 21, 2014

ချစ်သူနှစ်ယောက်မှာ


_______________

ချစ်ပါ...
တစ်ဘ၀လုံးစာအတွက် အပြန်လှန်ယုံကြည်မှုလေးတွေနဲ့ပေါ့...

တန်ဖိုးထားပါ...
တစ်ယောက်ကိုတစ်ယောက် နားလည်မှုလေးတွေနဲ့ပေါ့...

လေးစားမှုရှိပါ...
ကိုယ့်ချစ်သူကိုတန်ဖိုးမဲ့သွားစေမဲ့အပြုမှုမျိုးတတ်နိုင်သလောက်
ရှောင်နိုင်ကြပါစေ...

ဂရုစိုက်ပါ...
အလုပ်ရူပ်နေတယ်ဆိုတဲ့အကြောင်းပြချက်လေးတွေနဲ့ကိုယ့်ချစ်သူ
ကို မေ့နေတတ်တာမျိုးပေါ့...

ခွင့်လွှတ်စရာရှိရင်ခွင့်လွှတ်လိုက်ပါ...
ကိုယ့်ချစ်သူနဲပပတ်သက်လာရင်အသေးမွှားလေးတွေကအစ
တန်ဖိုးထားတတ်တယ်ဆိုပေမဲ့သေးငယ်တဲ့အပြစ်တွေကြတော့
လစ်လျှူရူတတ်ဖို့လိုပါတယ်...

မြတ်နိုးပါ...
ကိုယ့်ချစ်သူအပေါ်တစ်ဘ၀လုံးစာလက်တွဲနိုင်အောင်ပေါ့...

ယုံကြည်ပေးပါ...
ကိုယ့်ချစ်သူကိုအရမ်းချစ်လို့သံသယလေးတွေထားတတ်ကြတယ်
အရမ်းပူလောင်တဲ့ခံစားမှုမျိုးပါ အကြွင်းမဲ့ယုံကြည်ပေးကြည့်ပါ
ခံစားချက်နည်းနည်းသက်သာလာပါလိမ့်မည်...

တကယ်ချစ်ကြတဲ့လူနှစ်ယောက်ရဲ့နှလုံးသားအထဲမှာတစ်ခြား
တစ်ယောက်ဆိုတာနေရာဝင်ယူလို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့
ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုယ့်ချစ်သူဆိုတဲ့အတွေးဟာရင်ထဲမှာအမြဲရှိနေ
တဲ့အတွက် တစ်ခြားတစ်ယောက်ဆိုတာအချိန်ပေးဖို့မအားတော့ပါဘူး
တစ်ခြားတစ်ယောက်ဆိုတာစိတ်ထဲမှာရှိလာခဲ့ရင်သင်သူ့ကိုတကယ်
မချစ်လို့ပါပဲ...

No comments:

Post a Comment