Friday, February 21, 2014

(ပျိုမေတို့အတွက် ခံစားချက်ကဗျာ)



လူတစ်ယောက်ကိုချစ်မိသွားရင်
==================

သူနှစ်သက်တတ်တဲ့အရာလေး
တွေကို ကိုယ်ကနှစ်သက်တတ်
အောင်ကြိုးစားနေပါလိမ့်မည်...

သီချင်းတွေကိုနားထောင်မိတဲ့
အချိန်မျိုးမှာပဲဖြစ်ဖြစ်တိုက်ဆိုင်
တဲ့ စာသားလေးတွေပါလာရင်
သူ့ကိုသတိရလာတတ်ပါတယ်...

ခဏလေးအဆက်သွယ်မရတဲ့
အခါ စိတ်ပူပြီးလိုက်ရှာနေတတ်
ပါတယ်...

တစ်ခါတစ်လေသူ့ကြောင့်
အရမ်းနာကျင်ရတာတောင်
မေ့ပစ်လိုက်မယ် စွန့်လွှတ်ပစ်
လိုက်မယ်ဆိုတဲ့အတွေးတွေမရှိ
တတ်ပါဘူး...

ပျင်းနေတဲ့အချိန်စကားပြောဖော်
မရှိတဲ့အချိန်မှသူ့ကိုရှာနေတတ်
တာမဟုတ်ပဲ အလုပ်မအားရင်
တောင်မှသူ့ဆီက Messages
လေးတွေမျှော်နေတတ်တာပါ...

လူတစ်ယောက်ကိုတကယ်ချစ်
ရင် သူ့ကိုရွေးချယ်ပြီးရင်သူ့တစ်
ယောက်တည်းကိုပဲသစ္စာရှိ
အောင်ကြိုးစားပါလိမ့်မည်...

No comments:

Post a Comment