၂၀၁၄ ဧပြီကစ သမ္မတ လစာ ကျပ် သိန်း ၅၀ ယူမည်
ဒီဗွီဘီ
လာမယ့် ဘဏ္ဍာနှစ်အစ ၂၀၁၄ ဧပြီလ ကစ နိုင်ငံတော်သမ္မတဟာ ၁ လ လစာ ကျပ်ငွေ သိန်း ၅၀ ခံစားတော့မယ်လို့ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ သမ္မတကနေ လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာဖော်ပြချက်အရ သိရပါတယ်။
အဲဒီ သ၀ဏ်လွှာထဲမှာ သူတို့ အစိုးရအဖွဲ့ တာဝန်ယူကာစမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကြေးနဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ဥပဒေ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ထားတဲ့ လစာတွေအတိုင်း မခံစားဘဲ အရင် စစ်အစိုးရခေတ်က လစာတွေအတိုင်းပဲ ခံစားခဲ့တယ်။ အခု အစိုးရသက်တမ်း ၂ နှစ်ခွဲ၊ ၃ နှစ်ရောက်လာတဲ့အခါ တိုင်းပြည် ဘဏ္ဍာကိုလည်း အသင့်အတင့် တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့ကြတယ်။
By DVB TV News
No comments:
Post a Comment